စလစ်ဈေးသိန်း ၁၁၀ ကျော် သွားပြီးနောက်ပိုင်း တန်ဖိုးနည်းလူစီး ကားများဖြစ်သည့် ၆၆၀ စီစီ Kei Car များနှင့်Microvan များကို တိုက်ကြေအဖြစ် လုပ်ကြံဖန်တီးပြီး အပ်နှံမှုများရှိလာ


ရန်ကုန်၊ ဒီဇင်ဘာ ၇

သက်တမ်းနှစ် ၂၀ ဆယ် စလစ်ဈေးများ သိန်း ၁၁၀ ကျော်သွားပြီး နောက်ပိုင်းတန်ဖိုးနည်းလူစီးကားများဖြစ်သည့် ၆၆၀ စီစီ Kei Car များနှင့် Microvan များကို တိုက်ကြေအဖြစ် လုပ်ကြံဖန်တီးပြီး အပ်နှံမှုများရှိလာကြောင်း အရည်ကျို အပ်ကား အရောင်းအဝယ်ဈေးကွက်အတွင်းမှ သိရသည်။

၂၀၁၇ ခုနှစ်အတွက် မော်တော်ယာဉ်တင်သွင်းခွင့်ဆိုင်ရာ မိုဒယ်သတ်မှတ်ချက်များ ထွက်ပေါ်လာပြီးနောက်ပိုင်းတွင် သက်တမ်း နှစ် ၂၀ လူစီးစလစ်ဈေးများ ကျပ် ၁၁၈ သိန်းအထိ မြင့်တက်သွားပြီး နောက်ပိုင်းတွင် တန်ဖိုးနည်းပြီး လူစီးကားများဖြစ်သော Suzuki Alto ၊ Daihatsu Boon ၊ Nissan March ၊ Honda Acty ၊ Mazda Scrum အစရှိသည့် ကားများကို တိုက်ကြေအဖြစ်ဖန်တီးပြီး အပ်နှံမှုများ ရှိလာခဲ့သည်။

ထိုကားလေးများသည် ဈေးကွက်အတွင်း အက်ခရာ အနိမ့်များဖြစ်ပါက သိန်း ၇၀ မှ သိန်း ၈၀ ကြားတွင်သာရှိရာ တိုက်ကြေအဖြစ်အပ်နှံပါက တိုက်ကြေ စလစ်ပေါက်ဈေးအရ ၁၀၅ သိန်း ဝန်းကျင်ဖြင့် အရောင်းအဝယ်ပြုလုပ်နိုင်ကြောင်း ကားဈေးကွက်အတွင်းမှ သိရသည်။
‘‘တိုက်ကြေအပ်နှံမှုက ပြီးခဲ့တဲ့ အောက်တိုဘာနဲ့ နိုဝင်ဘာလတွေ မှာ အစီးရေပိုများလာပါတယ်။ အခု နောက်ပိုင်းမှာ အင်ဂျင်ပါဝါနည်းတဲ့ တန်ဖိုးနည်းလူစီးကားလေးတွေ တိုက်ကြေအပ်နှံမှု များလာပါတယ်။ ကားအရောင်းစင်တာ Comsignment လက်ကျန်ကားတွေကို ပါမစ်သက်တမ်း ၆ လ တိုးပြီးနောက်ပိုင်းမှာတော့ အပ်နှံမှုပြန်နည်းသွားပါတယ်’’ဟု သန်လျင် ကညနရုံးမှ တာဝန်ရှိသူ တစ်ဦးကဆိုသည်။

တိုက်ကြေကားများကို ၂၀၁၄ ခုနှစ် သြဂုတ်လမှစ၍ အပ်နှံခွင့်ပြု ရာ ၂၀၁၄ ခုနှစ်အတွင်း ၁၀၃ စီး၊ ၂၀၁၅ ခုနှစ်အတွင်း ၅၄၉ စီး၊ ၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၅ ရက်အထိ ၁၈၅၈ စီးအထိ အပ်နှံမှုရှိခဲ့သည်။ တိုက်ကြေကားများအပ်နှံရာတွင် အနီးစပ်ဆုံးလများဖြစ်သည့် စက်တင်ဘာလအတွင်း ၁၃၀ စီး၊ အောက်တိုဘာလအတွင်း ၁၆၈စီး၊ နိုဝင်ဘာလအတွင်း ၁၈၂ စီးနှင့် ဒီဇင်ဘာ ၁ ရက်မှ ၅ ရက်အထိ ၂၇ စီး အပ်နှံမှုရှိကြောင်း သန်လျင် ကညနရုံးမှ သိရသည်။

ကိုရဲ၊ ဆန်းသစ်အောင်
Automobile Journal
https://www.facebook.com/automobilejournal.mm
စလစ်ဈေးသိန်း ၁၁၀ ကျော် သွားပြီးနောက်ပိုင်း တန်ဖိုးနည်းလူစီး ကားများဖြစ်သည့် ၆၆၀ စီစီ Kei Car များနှင့်Microvan များကို တိုက်ကြေအဖြစ် လုပ်ကြံဖန်တီးပြီး အပ်နှံမှုများရှိလာ စလစ်ဈေးသိန်း ၁၁၀ ကျော် သွားပြီးနောက်ပိုင်း တန်ဖိုးနည်းလူစီး ကားများဖြစ်သည့် ၆၆၀ စီစီ Kei Car များနှင့်Microvan များကို တိုက်ကြေအဖြစ် လုပ်ကြံဖန်တီးပြီး အပ်နှံမှုများရှိလာ Reviewed by THITHTOOLWIN on 09:39 Rating: 5
Powered by Blogger.