ဆီးရီးယားရှေးဟောင်းမြို့တော် ပယ်လ်မိုင်ရာသို့ IS များပြန်လည်ဝင်ရောက်တိုက်ခိုက်


ပယ်လ်မိုင်ရာ ဒီဇင်ဘာ ၁၁

အစ္စလာမ္မစ်အစွန်းရောက်အကြမ်း ဖက်အဖွဲ့ (IS)၏လက်နက်ကိုင် စစ် သွေးကြွများသည်ဆီးရီးယားနိုင်ငံ ၏ ရှေးဟောင်းမြို့တော်ပယ်လ်မိုင် ရာသို့ တစ်ကျော့ပြန်ဝင်ရောက် တိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်း သိရ သည်။IS အဖွဲ့သည် ယူနက်စကို အသိအမှတ်ပြုရှေးဟောင်းယဉ်ကျေး မှုအမွေအနှစ်လက်ရာများတည်ရှိရာ ပယ်လ်မိုင်ရာမြို့တော်ကို ၁ဝ လ ကြာ သိမ်းပိုက်ထားခဲ့ရာမှ ယခုနှစ် မတ်လတွင် ဆီးရီးယားစစ်တပ်က ပြန်လည်ရယူနိုင်ခဲ့ခြင်းဖြစ်သည်။

 လေ့လာစောင့်ကြည့်ရေးအဖွဲ့များ၏ ပြောကြားချက်အရ အစိုးရအား ထောက်ခံသည့်တပ်များနှင့်IS အဖွဲ့တို့သည် ပယ်လ်မိုင်ရာမြို့ အလယ်ပိုင်းတွင်ပြင်းထန်စွာတိုက် ပွဲများဖြစ်ပွားနေကြောင်း သိရ သည်။ ပယ်လ်မိုင်ရာမြို့မှ ဖော်ပြ လာသည့်သတင်းများအရ ဆီးရီး ယားတပ်မှ တပ်သား ၅ဝ ခန့်သေ ဆုံးခဲ့ရပြီးကျန်တပ်များသည်လည်း ဆုတ်ခွာထွက်ပြေးသွားခဲ့ကြောင်း နှင့် မြို့ထဲတွင်ကျန်ရှိနေသေးသည့် အရပ်သားပြည်သူများ၏လုံခြုံရေး ကို စိုးရိမ်ပူပန်ရကြောင်းသိရသည်။

IS အဖွဲ့များသည် ယမန်နေ့ တွင် ပယ်လ်မိုင်ရာမြို့ထဲသို့ ပြန် လည်ဝင်ရောက်လာပြီး မြို့၏ အနောက်မြောက်ဘက်ပိုင်း၌ တပ် စွဲကာ ခြေကုပ်ယူခဲ့ကြပြီးဆီးရီး ယားအစိုးရစစ်တပ်နှင့် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိကြောင်း ဆီးရီးယား လူ့အခွင့်အရေးစောင့်ကြည့်လေ့လာ သူတစ်ဦးဖြစ်သည့် ရာမီအက်ဘ် ဒယ်လ်ရက်မန်ကပြောကြားခဲ့သည် ဟုသိရသည်။

IS အဖွဲ့များသည် ပယ်လ်မိုင် ရာမြို့ကိုသိမ်းပိုက်ထားစဉ်အတွင်း ၌ မြို့တွင်းရှိ ယူနက်စကိုအသိ အမှတ်ပြု ယဉ်ကျေးမှုအမွေအနှစ် ရှေးဟောင်းလက်ရာများကိုလည်း ဖျက်ဆီးပစ်ခဲ့ကြသည်။ အဆိုပါ ဖျက်ဆီးခံခဲ့ရသည့် ရှေးဟောင်း အမွေအနှစ်များအနက် နှစ်ပေါင်း ၂ဝဝဝကျော်သက်တမ်းရှိသည့်ဘုရား ကျောင်းနှစ်ကျောင်းလည်းပါဝင်ခဲ့သည်။ ထို့သို့ပယ်လ်မိုင်ရာမြို့တွင်IS အဖွဲ့ များ ရုတ်တရက်ပြန်လည်တပ်စွဲ ကာ တိုက်ခိုက်မှုများပြုလုပ်ခြင်းကို အလီပိုမြို့၏ကျန်ရှိနေသေးသည့် သူပုန်များထိန်းချုပ်ထားသော နယ် မြေများကို ရုရှားကျောထောက် နောက်ခံပြုထားသည့် ဆီးရီးယား အစိုးရတပ်ဖွဲ့များက ပိတ်ဆို့တိုက် ခိုက်မှုများ ပြုလုပ်နေစဉ်အတွင်း၌ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

အလင်းသစ်
The Union Daily
https://www.facebook.com/uniondaily.net/
ဆီးရီးယားရှေးဟောင်းမြို့တော် ပယ်လ်မိုင်ရာသို့ IS များပြန်လည်ဝင်ရောက်တိုက်ခိုက် ဆီးရီးယားရှေးဟောင်းမြို့တော် ပယ်လ်မိုင်ရာသို့ IS များပြန်လည်ဝင်ရောက်တိုက်ခိုက် Reviewed by THITHTOOLWIN on 18:13 Rating: 5
Powered by Blogger.