![]() |
Gidon နား KIA စခန်းကို အစိုးရတပ် လေကြောင်းမှ တိုက်ခိုက် |
ယနေ့ ဒီဇင်ဘာ ၁၉ ရက် မွန်းလွဲပိုင်းမှ Lai Hpawng စခန်းကို အစိုးရတပ် က လက်နက်ကြီး နှင့် စတင် ပစ်ခတ်ခဲ့ပြီး ဂျက်တိုက်လေယာဉ် ၂ စီး နှင့်လည်း အနည်းဆုံး ၆ ကြိမ် တိုက်ခိုက်ခဲ့သည်ဟု KIA ရှေ့တန်းသတင်းက ဆိုပါသည်။
၎င်း စခန်းကို ယနေ့ ညနေ ၄ နာရီခန့်မှ အစိုးရတပ်က မြေပြင် တပ်များ အသုံးပြုပြီး တိုက်ခိုက်နေပြီ ဖြစ်ကြောင်း ထပ်မံ သိရပါသည်။
KIA တပ်ရင်း ၃ Lai Hpawng စခန်းသည် ဝိုင်းမော်မြို့နယ် မြစ်ကြီးနား-ဗန်းမော် ကားလမ်းအရှေ့ဘက်မှာရှိပြီး ဒီဇင်ဘာ ၁၆ ရက်နေ့က မြန်မာစစ်တပ် သိမ်းပိုက်လိုက်သည့် KIA လုပ်ရှားတပ်ဖွဲ့ တပ်ရင်း ၂၅၂ ၏ Gidon အမာခံ စခန်းနှင့် ကပ်လျှက် တည်ရှိနေခြင်း ဖြစ်သည်။
အစိုးရတပ်မှ Gidon နှင့် Lai Hpawng စခန်းများကို လွန်ခဲ့သည့် သြဂုတ်လမှ စတင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ဒီဇင်ဘာ ၁၆ နေ့မှာ အင်အား အလုံးအရင်း နှင့် Gidon စခန်းကို သိမ်းပိုက်ခဲ့ကြသည်။
ကချင်ပြည်နယ် နှင့် ရှမ်းမြောက် ရှိ ကချင် လွတ်လပ်ရေး တပ်မတော် KIA နယ်မြေမှာ နေ့စဉ် လိုလို တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေပါသည်။
Kachin News Group
http://burmese.kachinnews.com
Gidon နား KIA စခန်းကို အစိုးရတပ် လေကြောင်းမှ တိုက်ခိုက်
Reviewed by THITHTOOLWIN
on
18:46
Rating:
