ပုသိမ်မြို့ အိုအေစစ် စားသောက်ဆိုင်မှ FZ ဆိုင်ကယ် ခိုးယူသူအား ဖမ်းဆီးရမိ

ပုသိမ်မြို့ အိုအေစစ် စားသောက်ဆိုင်မှ FZ ဆိုင်ကယ် ခိုးယူသူအား (၃) နာရီအတွင်း ဖမ်းဆီးရမိ
(၂၀.၁၂.၂၀၁၆) နေ့ (၂၃၀၀) အချိန် ပုသိမ်မြို့မရဲစခန်း နယ်ထိန်းတပ်ဖွဲ့ဝင်များမှ နယ်မြေအတွင်း ခိုး/ဆိုး/နှိုက် သတင်းများ လိုက်လံစုံစမ်းနေစဉ် အမှတ် (၁) ရပ်ကွက် ယက္ကန်းကွက်သစ် (၁) လမ်းပေါ်တွင် ရဲမြတ်သူ ၂၀/၁၆ နှစ် (ဘ) ဦးဇော်ဇော်နိုင် မနော်ဟယ်ရီရပ်ကွက် ပုသိမ်မြို့နေသူအား ဆိုင်ကယ် နံပါတ်ပြားမပါ သော့မပါရှိပဲ FZ အမျိုးအစား ဆိုင်ကယ် အား တွန်းလာသဖြင့် သက်သေများရှေ့တွင် သိမ်းဆည်းပြီး အမှုဖွင့် စစ်ဆေးခဲ့ပါသည်။

စစ်ဆေးမှုအရ တရားခံသည် ယင်းနေ့ည (၈) နာရီအချိန်ခန့် ပုသိမ်မြို့ အိုအေစစ် စားသောက်ဆိုင်အတွင်းမှ ခိုးယူလာကြောင်း စစ်ဆေးသိရှိရပြီး ပျောက်ဆုံးခဲ့သည့် ဆိုင်ကယ်ပိုင်ရှင် အား ဆက်သွယ်အကြောင်းခဲ့ပါသည်။

ယင်းတရားခံအား ပုသိမ်မြို့အတွင်း နောက်ထပ်ဆိုင်ကယ်ခိုးမှုများ ထပ်မံကျုးလွန်ခြင်းရှိ/မရှိအား စစ်ဆေးဆောင်ရွက်လျက် ရှိပါကြောင်း ပုသိမ်သူ/သားများအား သိစေအပ်ပါသည်။

Zaw Min Tun
ပုသိမ်မြို့ အိုအေစစ် စားသောက်ဆိုင်မှ FZ ဆိုင်ကယ် ခိုးယူသူအား ဖမ်းဆီးရမိ   ပုသိမ်မြို့ အိုအေစစ် စားသောက်ဆိုင်မှ FZ ဆိုင်ကယ် ခိုးယူသူအား ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 17:43 Rating: 5
Powered by Blogger.