ဝါရှင်တန်၊ဒီဇင်ဘာ ၁၁ ရက် (ဆင်ဟွာ)
ရွေးကောက်ခံ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က Exxon Mobil ကုမ္ပဏီ အမှုဆောင်အရာရှိချုပ် Rex Tillerson အား အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီးအဖြစ် အဆိုပြုလိုက်ကြောင်း အိမ်ဖြူတော်တာဝန်လွှဲပြောင်းရေးဆိုင်ရာ သတင်းအရင်းအမြစ် နှစ်ဦးကို ကိုးကား၍ NBC သတင်းဌာနက ဒီဇင်ဘာလ ၁ဝ ရက်တွင် သတင်းဖော်ပြခဲ့သည်။
သို့ သော်လာမည့် ရက်သတ္တပတ်တွင် ရာထူးခန့် အပ်ကြောင်း တရားဝင်ကြေညာမှု နောက်ဆုံးမပြုလုပ်မီ အချိန်ထိ မည်သို့ ဖြစ်လာမည်ကို မပြောနိုင်သေးကြောင်း အမည်မဖော်လိုသူ သတင်းအရင်းအမြစ်က NBC သတင်းဌာနသို့ ပြောကြားခဲ့သည်။
အသက် ၆၄ နှစ်အရွယ်ရှိ တီလာဆန်(Tillerson) သည် တက္ကဆက်စ်ပြည်နယ်အခြေစိုက် ရေနံကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ်အဖြစ် ၂ဝဝ၆ ခုနှစ်ကတည်းက တာဝန်ထမ်းဆောင်ခဲ့သူတစ်ဦးဖြစ်သည်။၎င်းသည် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဖြစ်လာမည်ဟု နာမည်ကြီးနေသူ နယူးယောက်မြို့ တော်ဝန်(ဟောင်း) Rudy Giuliani ကို ဖြတ်ကျော်၍ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဖြစ်လာဖွယ် ရှိနေသည်။
တစ်ချိန်တည်းမှာပင် ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး John Bolton သည် အမေရိကန်နိုင်ငံ ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဖြစ်လာဖွယ် ရှိကြောင်း သတင်းအရင်းအမြစ်ကို ကိုးကား၍ NBC ကသတင်းဖော်ပြခဲ့သည်။
တီလာဆန်သည် Exxon ၏ အမှုဆောင်အရာရှိချုပ်ရာထူးမှ လာမည့် ၂ဝ၁၇ ခုနှစ်တွင် အနားယူရန် စီစဉ်နေသည်။
၎င်းကုမ္ပဏီသည် ကမ္ဘာ့ နိုင်ငံပေါင်း ၅ဝ ကျော်တွင် လုပ်ငန်းများ လုပ်ကိုင်နေပြီး တီလာဆန်သည် ရုရှားနိုင်ငံသမ္မတ ဗလာတီမာပူတင် နှင့် ၁၉၉ဝ ပြည့်နှစ်တွင် ပထမဆုံးအကြိမ် ဆုံတွေ့ ခဲ့ပြီး ရင်းနှီးသိကျွမ်းခဲ့ကြောင်း သိရသည်။
China Xinhua News
Exxon အမှုဆောင်အရာရှိချုပ်Tillerson အား အမေရိကန်နိုင်ငံခြားရေးဝန်ကြီးအဖြစ် ထရမ့် ခန့် အပ်ရန်ရှိ
Reviewed by THITHTOOLWIN
on
10:57
Rating:
