အမြန်လမ်း တံတားဦးမြို့နယ်တွင် ယာဉ်မောင်းအိပ်ငိုက်သောကြောင့် Express ကားတစ်စီး လမ်းလယ်ကျွန်းအား ဝင်တိုက်


ရန်ကုန် မန္တလေး အမြန်လမ်း တံတားဦးမြို့နယ်တွင် ယာဉ်မောင်းအိပ်ငိုက်သောကြောင့် အရှန်မထိန်းနိုင်ဘဲ Express ကားတစ်စီး လမ်းလယ်ကျွန်းအား ဝင်တိုက်မိခဲ့ကြောင်း စကားအင်းအမြန်လမ်းမကြီး ရဲစခန်း ထံကသိရသည်။


ဒီဇင်ဘာလ ၁၇ရက်နေ့ နံနက် ၅နာရီ ၃၀မိနစ်အချိန်က တံတားဦးမြို့နယ် စကားအင်းအမြန်လမ်းမကြီး ရဲစခန်းအပိုင် ရန်ကုန် မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် ၃၄၁/၆ နှင့် ၃၄၁/၇ အကြား၌ နေပြည်တော်ဘက်မှ မန္တလေဘက်သို့ ယာဉ်မောင်း အောင်နိုင်ဦး မောင်းနှင်လာသော ယာဉ်အမှတ် 5L/6577 ရာဇာထွန်း Express အဝါရောင် မော်တော်ယာဉ်မှာ ယာဉ်မောင်းအိပ်ငိုက်သောကြောင့် အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်း အုတ်ခုံအား တိုက်မိပြီးနောက် လမ်းလယ်ကျွန်းအားကျော်တက်ကာ တစ်ဘက်ယာဉ်ကြောသို့ ရောက်ရှိပြီး ရပ်တန့်ခဲ့ကြောင်း သိရသည်။
ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါရှိသူ ယာဉ်မောင်းပါ ကျား၁၅ဦး မ၁၄ဦး တို့မှာ ထိခိုက်ဒဏ်ရာများ မရရှိဘဲ Express ယာဉ်မှာ ဝဲယာ ရှေ့မီးကွဲ ရှေ့ဘန်ဘာ ကျိုးပဲ့ ပျက်စီးမှုများ ဖြစ်ပွားခဲ့ကာ တန်ဖိုးငွေကျပ် ၃သိန်းခန့် ပျက်စီးဆုံးရှုံးခဲ့ရကြောင်း သိရသည်။


သတင်းအရ စကားအင်းအမြန်လမ်းမကြီးရဲစခန်းမှူး ရဲအုပ် သိန်းဗိုလ် ပါ တပ်ဖွဲ့ဝင် ၁၂ဦး မီးသတ်တပ်ဖွဲ့ အမြန်လမ်းမှ လက်ထောက်ဦးစီးမှူး ဟိန်းသက်ဆွေ ပါ ၄ဦး အမြန်လမ်းအရေးပေါ်ကျန်းမာရေး စောင့်ရှောက်မှုအဖွဲ့ မှ ဦးသန်းစိုးဝင်း ပါ ၄ဦး တို့က သွားရောက်ကူညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်ပြီး ယာဉ်မဆင်မခြင် ပေါ့လျော့စွာ မောင်းနှင်သူ ယာဉ်မောင်း အောင်နိုင်ဦး အား စကားအင်းအမြန်လမ်းမကြီး ရဲစခန်း ယာဉ် ပ ၅၆/၂၀၁၆ ရာဇသတ်ကြီးပုဒ်မ ၂၇၉ အရ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper/
အမြန်လမ်း တံတားဦးမြို့နယ်တွင် ယာဉ်မောင်းအိပ်ငိုက်သောကြောင့် Express ကားတစ်စီး လမ်းလယ်ကျွန်းအား ဝင်တိုက်  အမြန်လမ်း တံတားဦးမြို့နယ်တွင် ယာဉ်မောင်းအိပ်ငိုက်သောကြောင့် Express ကားတစ်စီး လမ်းလယ်ကျွန်းအား ဝင်တိုက် Reviewed by THITHTOOLWIN on 10:24 Rating: 5
Powered by Blogger.