နှင်းချယ်ရီ Express ယာဉ် အမြန်လမ်းမကြီးတွင် လမ်းလယ် ကပ်တုံးတိုက်


နေပြည်တော် ၊ ဒီဇင်ဘာ ၁၆

ရန်ုကုန် မန္တလေးအမြန်လမ်းမကြီး၏ မိုင်တိုင်အမှတ် ၁၃၀/၂ နှင့် ၁၃၀/၃ အကြား နေပြည်တော်ဘက်မှ ရန်ကုန်ဘက်သို့ ယာဉ်မောင်း သန်းထွန်းအောင် မောင်းနှင်လာသော နှင်းချယ်ရီ Express မော်တော်ယာဉ်သည် ယနေ့နံနက် ၇ နာရီ ၅ မိနစ်က ယာဘက်လိပ်တောင်ကျိုး၍ အရှိန်မထိမ်းနိုင်ဘဲ လမ်းလယ်ကပ်တုံးတိုက်မိပြီး လမ်း လယ်ကျွန်းပေါ်ရောက်ရှိရပ်တန့်ခဲ့သည်။


ဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါခရီးသည်များ ထိခိုက်မှု မရှိသော်လည်း ယာဉ်မှာ အနည်းငယ် ပျက်စီးသွားကြောင်း သိရသည်။ သို့ပါ၍ ယာဉ်အား မဆင်မခြင် မောင်းနှင်သူ ယာဉ်မောင်း သန်းထွန်းအောင်အား ဗောဓိကုန်း အမြန်လမ်း ရဲတပ်ဖွဲ့စခန်းမှ ရာဇသတ်ကြီးပုဒ်မ ၂၇၉ အရအမှုဖွင်စစ်ဆေး လျက်ရှိကြောင်းသိရသည်။

သန်းဦး(လေးမျက်နှာ)

ဓာတ်ပုံ(အမြန်လမ်းရဲတပ်ဖွဲ့)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
နှင်းချယ်ရီ Express ယာဉ် အမြန်လမ်းမကြီးတွင် လမ်းလယ် ကပ်တုံးတိုက်  နှင်းချယ်ရီ Express ယာဉ် အမြန်လမ်းမကြီးတွင် လမ်းလယ် ကပ်တုံးတိုက် Reviewed by THITHTOOLWIN on 22:45 Rating: 5
Powered by Blogger.