Eleven CEO ဒေါက်တာသန်းထွဋ်အောင်က နှလုံးရောဂါကြောင့်ရယ်၊ ကိုယ်တိုင်ချစ်လို့ တင်ထားတဲ့ အစိုးရဖြစ်တာ ရယ်ကြောင့် တောင်းပန်တာလို့ ဆို

Eleven CEO ဒေါက်တာသန်းထွဋ်အောင်ကို ၅ ကြိမ်မြောက်ရုံးထုတ်
Eleven Media Group ရဲ့ CEO ဒေါက်တာသန်းထွဋ်အောင်ကို ဒီဇင်ဘာလ (၃၀) ရက် ဒီကနေ့မှာ ၅ ကြိမ်မြောက်အဖြစ် ရုံးထုတ်စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။

 တာမွေမြို့နယ်တရားရုံးမှာ ရုံးထုတ်စစ်ဆေးခဲ့တာဖြစ်ပြီး တတိယအကြိမ်မြောက် အာမခံပြင်ဆင်လျှောက်ထားမှုကိုတော့ ပယ်ချလိုက်တယ်လို့ သိရပါတယ်။


 ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် နဲ့ အစိုးရအဖွဲ့ကို သတင်းစာကနေ တောင်းပန်စာ ထည့်သွင်းခဲ့တဲ့ ကိစ္စနဲ့ပတ်သက်လို့တော့ Eleven Media Group CEO ဒေါက်တာ သန်းထွဋ်အောင်က သူ့ရဲ့ နှလုံးရောဂါနဲ့ ကျန်းမာရေးအခြေအနေကြောင့် ရယ် လက်ရှိအစိုးဟာ ကိုယ်တိုင်ချစ်လို့ တင်ထားတဲ့ အစိုးရဖြစ်တာ ရယ်ကြောင့် တောင်းပန်တာဖြစ်တယ်လို့ မီဒီယာတွေကို ပြောကြား ခဲ့ပါတယ်။

 နောက်တစ်ကြိမ်ရုံးချိန်း ကိုတော့ ဇန်န၀ါရီလ (၆) ရက်နေ့ကို ပြန်လည်ချိန်းဆိုလိုက်တယ်လို့လည်း သိရပါတယ်။

5 Plus News
https://www.facebook.com/5plusnews/
Eleven CEO ဒေါက်တာသန်းထွဋ်အောင်က နှလုံးရောဂါကြောင့်ရယ်၊ ကိုယ်တိုင်ချစ်လို့ တင်ထားတဲ့ အစိုးရဖြစ်တာ ရယ်ကြောင့် တောင်းပန်တာလို့ ဆို Eleven CEO ဒေါက်တာသန်းထွဋ်အောင်က နှလုံးရောဂါကြောင့်ရယ်၊ ကိုယ်တိုင်ချစ်လို့ တင်ထားတဲ့ အစိုးရဖြစ်တာ ရယ်ကြောင့် တောင်းပန်တာလို့ ဆို Reviewed by THITHTOOLWIN on 23:06 Rating: 5
Powered by Blogger.