ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)ဖြင့် အမှုဖွင့် ထိန်းသိမ်းခံထားရသည့် Eleven Media Groups ၏ CEO ဒေါက်တာသန်းထွဋ်အောင်နှင့်အယ်ဒီတာချုပ် ဦးဝေဖြိုးတို့ကို ဒီဇင်ဘာ ၉ ရက်နေ့တွင် တတိယအကြိမ် ရုံးထုတ်ခဲ့သည်။
၎င်းတို့အားရုံးထုတ်ရာတွင် ဒေါက်တာသန်းထွဋ်အောင်မှာ ချော်လဲဒဏ်ရာရရှိထားသဖြင့် တရားရုံးသို့ လူနာတင်ယာဉ်ဖြင့် ရောက်ရှိလာခဲ့ပြီး တရားခွင်သို့ လူနာတင်ကတ်ဖြင့် လာရောက်ခဲ့ပြီး ဆေးအာမခံ ထပ်မံလျှောက်ထားခဲ့သော်လည်း အာမခံမရရှိခဲ့ကြောင်း သိရသည်။
''ဆရာတို့ အာမခံပြန်လျောက်တယ်။ တရားရုံးက ထောင်ဆရာဝန်ကို စစ်အုံးမယ်ပြောတယ်။ ထောင်ဆရာဝန်ကိုစစ်ပြီးမှ အာမခံပြန်တင်တာကို စဉ်းစားမယ်လို့ပြောတယ်''ဟု တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က ပြောသည်။
နောက်ရုံးချိန်းကို ဒီဇင်ဘာ ၁၅ ရက်နေ့တွင် တာမွေတရားရုံး၌ ရုံးထုတ်စစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။ ပြီးခဲ့သည့် နိုဝင်ဘာ ၃၀ ရက်နေ့က ပြုလုပ်သော တတိယအကြိမ်ရုံးချိန်းတွင် ၎င်းတို့နှစ်ဦးအတွက် အာမခံလျှောက်ထားခဲ့ရာ တင်ပြသည့်ဆေးစာများသည် ဆေးရုံမှယူလာသော ဆေးစားများမဟုတ်သဖြင့် ပယ်ချခံခဲ့ရသည်။
လင်းလင်းအောင်
News Watch
https://www.facebook.com/NewsWatchJournal/
Eleven CEO ဒေါက်တာသန်းထွဋ်အောင် ချော်လဲသည့်ဒဏ်ရာကြောင့် လူနာတင်ကတ်ဖြင့် ရုံးထုတ်ခဲ့ရ
Reviewed by THITHTOOLWIN
on
19:38
Rating:
