အမြန်လမ်းတွင် CANTER ယာဉ် မီးလောင်


နေပြည်တော် ဒီဇင်ဘာ ၁

ရန်ကုန် မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၁၇၉/၆ နှင့် ၁၇၉/၇ အကြား ရန်ကုန် ဘက်မှ နေပြည်တော် ဘက်သို့ ယာဉ်မောင်း သာခေါင်း မောင်းနှင် လာသော CANTER ယာဉ်မှာ ယနေ့နံနက် ၉ နာရီခွဲတွင် ဝါယာရှော့ဖြစ်ပြီး မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သည်။

မီးလောင်ရာသို့ သာဂရ အမြန်လမ်းရဲစခန်း မှ တာဝန်ရှိသူများနှင့် မီးသတ် တပ်ဖွဲ့ဝင်များက မီးငြိမ်း သတ်ခဲ့သည်။

ဖြစ်စဉ်ကြောင့် ယာဉ်မောင်းပါ နှစ်ဦးမှာ ဒဏ်ရာရရှိမှု မရှိသော်လည်း ယာဉ်တစ်စီး လုံး မီးလောင်ကျွမ်း ခဲ့၍ ခန့်မှန်းတန်ဘိုး ကျပ်သိန်း ၅၀ ဖိုးခန့် ဆုံးရှုံးသွားခဲ့သည်။ သို့ပါ၍ ယာဉ်မောင်းအား သာဂရ အမြန်လမ်း ရဲတပ်ဖွဲ့မှာ စစ်ဆေး အရေးယူ ထားကြောင်း သိရသည်။

သန်းဦး(လေးမျက်နှာ)
ဓာတ်ပုံ(အမြန်လမ်းရဲတပ်ဖွဲ့)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
အမြန်လမ်းတွင် CANTER ယာဉ် မီးလောင် အမြန်လမ်းတွင် CANTER ယာဉ် မီးလောင် Reviewed by THITHTOOLWIN on 16:14 Rating: 5
Powered by Blogger.