မောင်တောဒေသတွင် မသင်္ကာသူ ၄ ဦး ဖမ်းဆီးရမိ


နေပြည်တော်၊ ဒီဇင်ဘာ ၁၆

လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ဒီဇင်ဘာ ၁၅ ရက်နေ့ ညနေ ၄ နာရီတွင် နယ်မြေလုံခြုံရေး ဆောင်ရွက်စဉ် မောင်တောမြို့နယ် နယ်စပ်မှတ်တိုင် (၃၅)နှင့် (၃၆)ကြားတွင် မသင်္ကာသူ ၂ ဦးအား တွေ့ရှိပြီး ဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိသူများမှာ ဦးရှည်ကျကျေးရွာနေ အဒူဆာလောင်နှင့် ဆော်ဒီမူလာတို့ ၂ဦးဖြစ်ပြီး ၎င်းတို့နှင့်အတူ တာကာငွေ (၅၀၀)၊ တံစဉ် (၂)ချောင်း၊ ဘင်္ဂလားဒေ့ရှ် ဖုန်းနံပါတ်ရေးမှတ်ထားသော စာရွက်ပိုင်းတစ်ခု စစ်ဆေးတွေ့ရှိရပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ သွားရန်အတွက် နယ်စပ်ခြံစည်းရိုးအနီး ချဉ်းကပ်လာချိန်တွင် ဖမ်းဆီးရမိခဲ့သည်။

အလားတူ ဒီဇင်ဘာ ၁၆ရက် မွန်းလွဲ ၁နာရီ ၁၅မိနစ် မောင်တောမြို့နယ် ဆူရာလီရွာဘက်မှ ကိုးတန်ကောက်(တောင်နား)ရွာဘက်သို့ ထွက်ခွာလာသော မသင်္ကာဖွယ် အင်းဒင် အနောက်ရွာနေ အေကာမော်ဒီနှင့် ကိုးတန်ကောက်(ရွာမ)နေ မာမောက်အီနုတို့အား ဖမ်းဆီးရမိခဲ့သည်။ ဖမ်းဆီးရမိသူ ၄ဦး အား ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီမှ သတင်းထုတ်ပြန်ထားကြောင်း သတင်းရရှိသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
https://www.facebook.com/Cincds
မောင်တောဒေသတွင် မသင်္ကာသူ ၄ ဦး ဖမ်းဆီးရမိ  မောင်တောဒေသတွင် မသင်္ကာသူ ၄ ဦး ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 18:45 Rating: 5
Powered by Blogger.