ပေါက်တော မုဒိန်းမှု ထောင်ဒဏ် နှစ်(၂၀) ချက်မှတ်

ပေါက်တောမြို့နယ်တွင် သက်ငယ်အမျိုးသမီးငယ်တစ်ဦးအား အဓမ္မပြုကျင့်ခဲ့သူ အလုပ်ကြမ်းနှင့်ထောင်ဒဏ် နှစ်(၂၀ ) နောက်ထပ်တစ်ဦးချမှတ်ခံရ
ဒီဇင်ဘာ ၂၀၊ စစ်တွေ

ရခိုင်ပြည်နယ်၊ပေါက်တောမြို့၊အရှေ့ပိုင်းရပ်ကွက်၊အိုးအိမ်အဆောက်အဦးဆောက်လုပ်နေသည့် အလုပ်ခွင်တွင် (၅)နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးအား အဓမ္မပြုကျင့်ခဲ့သူကို စစ်တွေခရိုင်တရာ့းရုံးက ဒီဇင်ဘာလ ၁၉ ရက်နေ့တွင် ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၆ အရ အလုပ်ကြမ်းနှင့်ထောင်ဒဏ် နှစ်(၂၀) ချမှတ်လိုက်ကြောင်းသိရသည်။

နိုဝင်ဘာလ ၅ ရက်နေ့၊ညနေ ၄ နာရီအချိန်ခန့်က ၅ နှစ်အရွယ်အမျိုးသမီးငယ် မ-------အား ပေါက်တောမြို့ အရှေ့ပိုင်းရပ်ကွက်နေသူ ဦးလှထွန်း(ဘ)ဦးသိန်းထွန်းအေးက အဓမ္မပြုကျင့်ခဲ့ခြင်းသောကြောင့် ပြစ်မှုထင်ရှားသည့်အတွက် ယခုကဲ့သို့ ပြစ်ဒဏ် ချမှတ်လိုက်ရခြင်းဖြစ်သည်ဟုသိရသည်။

“ပြစ်မှုထင်ရှားလို့ မနေ့ကပြစ်ဒဏ်ချမှတ်လိုက်တာပါ။ပေါက်တောမှာ ခုလို သက်ငယ်အဓမ္မပြုကျင့်တဲ့သူကို ဒီနှစ်အတွင်း ထောင်ဒဏ်(၂၀) နှစ်ချမှတ်တာ နှစ်ကြိမ်ရှိသွားပြီ”လို့ ပေါက်တောမြို့မ ရဲစခန်းမှ ခေတ္တစခန်းမှူး ဦးသန်းဌေးက ပြောသည်။

ပေါက်တောမြို့နယ်မှ အသက် ၇ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးအား အဓမ္မပြုကျင့်ခဲ့သူတစ်ဦးကိုလည်း နိုဝင်ဘာလ ၁၂ ရက်နေ့က စစ်တွေခရိုင်တရားရုံးက အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၂၀ နှစ် ချမှတ်လိုက်ကြောင်းသိရသည်။

Development Media Group
https://www.facebook.com/DevelopmentNJ/
ပေါက်တော မုဒိန်းမှု ထောင်ဒဏ် နှစ်(၂၀) ချက်မှတ်  ပေါက်တော မုဒိန်းမှု ထောင်ဒဏ် နှစ်(၂၀) ချက်မှတ် Reviewed by THITHTOOLWIN on 16:56 Rating: 5
Powered by Blogger.