အိန္ဒိယ-မြန်မာနယ်စပ်တွင် ပမာဏများပြားသော လက်နက်ခဲယမ်းများဖမ်းမိ


ရန်ကုန် ဒီဇင်ဘာ ၁၁

အိန္ဒိယ-မြန်မာနယ်စပ်တွင် မြန်မာလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ ဖြစ်သော ALA အဖွဲ့ဝင် ရှစ်ဦးနှင့် အတူ ပမာဏကြီးမားသော လက်နက်ခဲယမ်းများကို အိန္ဒိယ နယ်ခြားစောင့်တပ်မှဖမ်းမိခဲ့သည် ဟုIndianExpress သတင်းဌာန က ဖော်ပြသည်။

အိန္ဒိယနယ်ခြားစောင့်တပ်များ တွင်ပါဝင်သော အာသံရိုင်ဖယ် တပ်ဖွဲ့ဝင်များသည် မီဇိုရမ်ပြည် နယ်အတွင်း၌ လုံခြုံရေးလုပ်ငန်း စဉ်များ ဆောင်ရွက်စဉ်အတွင်း အိန္ဒိယ-မြန်မာနယ်စပ်တွင် အခြေ စိုက်ထားသည့် မြန်မာလက်နက် ကိုင်အဖွဲ့တစ်ဖွဲ့ဖြစ်သော ALA အဖွဲ့ဝင်များကို ပမာဏကြီးမား သောလက်နက်ခဲယမ်းများနှင့်အတူ ဖမ်းမိခဲ့ခြင်းဖြစ်သည်ဟု သိရ သည်။

 ဖမ်းမိခဲ့သော လက်နက် များထဲတွင် M-16 နှင့် AK-56 ရိုင်ဖယ်များ ပါဝင်ခဲ့သည့်အပြင် ဖောက်ခွဲရေးပစ္စည်းများလည်း ပါဝင်ခဲ့သည်ဟု အာသံရိုင်ဖယ် တပ်ဖွဲ့မှ အတည်ပြုခဲ့သည်။

 ဖမ်း မိခဲ့သော လက်နက်ကိုင်များကို စစ်ဆေးမေးမြန်းမှုများပြုလုပ် လျက်ရှိသော်လည်းဘာသာစကား အတားအဆီးများကြောင့် ခိုင်မာ သည့်သတင်းအချက်အလက်များ ရရှိရန် ခက်ခဲလျက်ရှိသည်ဟု အာသံရိုင်ဖယ်တပ်ဖွဲ့က သတင်း ထုတ်ပြန်ထားသည်။

 ALA အဖွဲ့ သည် ရခိုင်ပြည်နယ်လွတ်မြောက် ရေးအတွက်လှုပ်ရှားနေသည့်အဖွဲ့ ဖြစ်ကာ ၁၉၆၈ ခုနှစ်တွင် စတင် တည်ထောင်ခဲ့သောအဖွဲ့ဖြစ်သည် ဟု သိရသည်။

NG
The Union Daily
https://www.facebook.com/uniondaily.net/
အိန္ဒိယ-မြန်မာနယ်စပ်တွင် ပမာဏများပြားသော လက်နက်ခဲယမ်းများဖမ်းမိ အိန္ဒိယ-မြန်မာနယ်စပ်တွင် ပမာဏများပြားသော လက်နက်ခဲယမ်းများဖမ်းမိ Reviewed by THITHTOOLWIN on 17:56 Rating: 5
Powered by Blogger.