မန္တလေးမြို့အထွက် တံခွန်တိုင်တိုးဂိတ်အကျော် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်တွင် ဓားနှင့်ထိုး ၍ ကား လုယူမှုတစ်ခုဖြစ်ပွားခဲ့ကြောင်း မန္တလေးခရိုင်ရဲတပ်ဖွဲ့မှူးရုံးထံက သတင်းရရှိသည်။
ဒီဇင်ဘာ ၁၉ ရက် နေ့လည် ၁၂ ကျော်ခန့်တွင် မန္တလေးမြို့ တံခွန်တိုင်တိုးဂိတ်အကျော် ရန်ကုန် - မန္တလေး အမြန်လမ်းမကြီးပေါ်တွင် ချမ်းအေးသာစံမြို့နယ်မှ ကား (AD Vin ကားအမျိုးအစား) အငှားလိုက်လာ သည့် ကိုကျော်အေးအား အမျိုးသမီးဘက်မှ ဦးလေးတော်စပ်သူ ဦးခင်မောင်တင့်နှင့် အမည်မသိအမျိုးသားတစ် ဦးတို့မှ ဓားဖြင့် လည်ပင်း အား ထိုးကာ ကား လုယူထွက်ပြေးသွားမှုတစ်ခုဖြစ်ပွားခဲ့ကြောင်း မန္တလေးခရိုင်ရဲ တပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူးကြီး စိန်ထွန်းထံက သိရသည်။
‘’ တူနဲ့ ဦးလေးနဲ့ ဖြစ်ကြတာပါ၊ တူရဲ့ကားကို ဦးလေးနဲ့ အမည်မသိတစ်ယောက်က တံတားဦးထိ ငှားစီး တယ်၊ လမ်း တံခွန်တိုင်တိုးဂိတ်အကျော်ကြတော့ လည်ပင်းကို ဓားနဲ့ လှီးတယ်ပေါ့ နည်းနည်းတော့ ထိသွား တယ်၊ တရားခံတွေကတော့ သိထားတယ်ပေါ့၊ သူတို့က အခုရှောင်တိမ်းနေနေကြတယ်၊ ဖမ်းဆီးရမိရေးအတွက် စုံစမ်းစစ်ဆေးမှုတွေ ဆက်တိုက်လုပ်နေပါတယ်၊ ဓားနဲ့ ထိုးမိတဲ့ သူကတော့ အခု ဒီနေ့သက်သာသွားလို့ ဆေးရုံ ကကို ဆင်းသွားပါပီ၊ နောက်မှ တူနဲ့ဦးလေးဖြစ်တဲ့အတွက် ဘာဆက်ဖြစ်လာမလဲဆိုတာတော့ မသိရသေးပေ မယ့် ကျွန်တော်တို့အနေနဲ့ကတော့ ထိခိုက်ဒဏ်ရာရတယ်၊ လုယက်မှုဖြစ်တဲ့အတွက် လုယက်မှုနဲ့ အမှုဖွင့်ထား ပါတယ် ‘’ ဟု ဒုရဲမှူးကြီး စိန်ထွန်းက ပြောပြသည်။
ထိုကဲ့သို့ ဦးလေးတော်စပ်သူနှင့် အမည်မသိအမျိုးသားတို့၏ ဓားဖြင့် ထိုးမှုကြောင့် ရရှိခဲ့သည့် ဒဏ်ရာ များအား ပလိပ်မြို့နယ် ဆေးရုံတွင် တက်ရောက်ကုသမှုပြုလုပ်ခဲ့ပြီးနောက်ပိုင်းတွင် မန္တလေးမြို့ ပြည်သူ့ဆေးရုံ ကြီးသို့ ဆေးစာဖြင့် လွှဲပြောင်းပေးခဲ့ကြောင်း ပလိပ်မြို့နယ် ရဲစခန်းထံ သိရသည်။
‘’ ကျွန်တော်တို့ကို ဒီလိုဒဏ်ရာနဲ့ ဆေးရုံရောက်နေတယ်ဆိုပြီး ဆေးရုံက အကြောင်းကြားလာတဲ့အ တွက် ကျွန်တော်တို့က သွားကြည့်ပြီး စစ်ဆေးပေးတယ်နောက် ဆေးစာရေးပေးတယ်၊ နောက် သူ့အမျိုးတစ် ယောက်က ဆိုင်ကယ်နဲ့ လာခေါ်သွားတယ် မန္တလေးဆေးရုံကြီးကို‘’ ဟု ပလိပ်မြို့နယ် ရဲစခန်းမှ တာဝန်ကျရဲ အရာရှိတစ်ဦးက ပြောပြသည်။
အဆိုပါ ဓားဖြင့်ထိုးကာ ကား လုယူခံရမှုနှင့် ပတ်သက်၍ ကိုကျော်အေး၏ ဇနီးဖြစ်သူ မရီရီဝင်းမှ တရား လိုပြုလုပ်၍ မြစ်ငယ်မြို့နယ်ရဲစခန်းတွင် (ပ) ၄၉၃/၂၀၁၆၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၉၄ အရ အမှုဖွင့် စစ်ဆေး နေကြောင်း မန္တလေးခရိုင်ရဲတပ်ဖွဲ့မှူးရုံးထံက သတင်းရရှိသည်။
ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper
မန္တလေးမြို့ထွက် တံခွန်တိုင်တိုးဂိတ်အကျော် အမြန်လမ်းမကြီးတွင် ဓားနှင့်ထိုး၍ ကား လုယူမှုတစ်ခုဖြစ်ပွား
Reviewed by THITHTOOLWIN
on
10:40
Rating:
