ရေကြောင်း ခရီးသွားသူများအတွက် အသက်ကယ်အင်္ကျီများ ထုတ်ပေးထားသော်လည်း သုံးစွဲမှုမရှိသလောက်နည်း


ရေတာရှည် ဒီဇင်ဘာ ၆

ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ် ဆွာချောင်းရေလှောင် တမံအတွင်း ရေကြောင်းခရီးသွားလာကြသူများ အ္တရာယ် ကင်းစေရန်အတွက် အသက်ကယ်အင်္ကျီများကို ထုတ်ပေးထား သော်လည်း အမှန်တကယ် အသုံးပြုဝတ်ဆင်မှုမှာ မရှိ သလောက် နည်းနေသည်ကို တွေ့ရသည်။

ရေတာရှည်မြို့နယ် သိုင်းဝကျေးရွာအုပ်စု ဥယျာဉ်မှူး ကျေးရွာ အထက်ပိုင်းရှိ ဆွာချောင်းရေလှောင်တမံ စက်လှေ ဆိပ်မှတစ်ဆင့် သစ်တောကြိုးဝိုင်းဒေသများဖြစ်သည့် မရိုးခုံ၊ လုံး ရမ်းကျေးရွာများနှင့် လျိုမြောင်ကျွန်းများ၌ နေထိုင်ကြသူများ အနေဖြင့် ဆွာချောင်းရေလှောင်တမံအတွင်း၌ စက်လှေများနှင့် လက်ထိုးလှေငယ်များကိုသာ အဓိကအားထား သွားလာလျက် ရှိ ကြရာတွင် ခရီးသည်များ အသက်အ္တရာယ်မဖြစ်ပွားစေရေး အတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ စက်တပ် လှေများ၊ လက်ထိုးလှေများ မှတ်ပုံတင်စေခြင်းအပြင် ပညာပေး လုပ်ငန်းများလည်းဆောင်ရွက်၍ အသက်ကယ်အင်္ကျီများ ထုတ်ပေးထားသော်လည်း အမှန်တကယ်ဝတ်ဆင်သုံးစွဲမှုမှာ မရှိသလောက်နည်းနေခြင်းဖြစ်သည်။

''ဆည်ရေပြင်က အတော်ကျယ်ပါတယ် လေထန်တဲ့အချိန် မှာ လှိုင်းကအတော်ပုတ်တော့ လှေတွေလူးလိမ့်ပြီး မောင်းကြ ရတာ။ ကိုယ့်အရပ် ကိုယ့်ဒေသတွေကလည်း ဒီလိုစက်လှေတွေနဲ့ သွားမှ ရတာဆိုတော့ အ္တရာယ်ရှိပေမယ့်သွားနေကြရတာပါ ပဲ''ဟု သစ်တောကြိုးဝိုင်းဒေသနေသူတစ်ဦးက ပြောကြားသည်။

လက်ရှိ ဆွာချောင်းဆည်ရေပြင်၌ မှတ်ပုံတင်ပြေးဆွဲလျက် ရှိသော စက်တပ်လှေအကြီး ၁၄ စင်းရှိပြီး စစ်တောင်းမြစ်အတွင်း ပြေးဆွဲလျက်ရှိသော စက်တပ်လှေမှာ၂၂ စင်းရှိကြောင်း မြို့နယ် အထွေအထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

ဆွာချောင်းဆည်ရေပြင်အတွင်း စက်လှေများအနေဖြင့် ကုန်စည်နှင့် ခရီးသည်တင်ဆောင်ရာ၌ တင်ဆောင်နိုင်သည့် ပမာဏထက် ပိုမိုတင်ဆောင်ခြင်းကို ကြပ်မတ်ဆောင်ရွက်သည့် အပိုင်းမှာလည်း အားနည်းချက်များ ရှိနေဆဲဖြစ်ရာ ခရီးသည် များ အ္တရာယ်မဖြစ်ပွားစေရေးအတွက် ကြပ်မတ်စစ်ဆေး သည့်အပိုင်းကို အစဉ်မပြတ် ဆောင်ရွက်ပေးရန်လည်း ခရီး သွားပြည်သူများက လိုလားနေကြကြောင်း သိရသည်။

ကိုလွင်(ဆွာ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
ရေကြောင်း ခရီးသွားသူများအတွက် အသက်ကယ်အင်္ကျီများ ထုတ်ပေးထားသော်လည်း သုံးစွဲမှုမရှိသလောက်နည်း  ရေကြောင်း ခရီးသွားသူများအတွက် အသက်ကယ်အင်္ကျီများ ထုတ်ပေးထားသော်လည်း သုံးစွဲမှုမရှိသလောက်နည်း Reviewed by THITHTOOLWIN on 08:25 Rating: 5
Powered by Blogger.