အရက်အတူသောက်ရာမှ စကားများ၍ လူသတ်မှုဖြစ်ပွား


ဗန်းမော် ဒီဇင်ဘာ ၁၄

ကချင်ပြည်နယ် ဗန်းမော်ခရိုင် မိုးမောက်မြို့နယ်၌ ခြံအလုပ်သမားအချင်းချင်း စကား များရာမှ လူသတ်မှုဖြစ်ပွားကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဒီဇင်ဘာ ၁၃ ရက် ည ၈ နာရီခန့်က မိုးမောက်မြို့နယ် စွန်မာရွာပျက်၌ လူသတ်မှုဖြစ်ပွားကြောင်း သတင်းအရ မြို့မရဲစခန်းမှူး ဒုတိယရဲမှူး ခင်မောင်ထွေးနှင့် အဖွဲ့ သွားရောက်စစ်ဆေးရာ အခင်းဖြစ်ပွားသည့်ခြံအတွင်းရှိ အလုပ်သမားတဲမှ ပေ ၂ဝ ခန့်အကွာ၌ ကျော်နိုင်(၄၁နှစ်) ပြည်ကြီးရပ် မင်းပြားမြို့နယ်နေသူမှာ ဒဏ်ရာ များဖြင့် သေဆုံးနေသည်ကို တွေ့ရသည်။

ဖြစ်စဉ်ကိုစုံစမ်းရာ သေဆုံးသူ ကျော်နိုင်နှင့် ခြံအလုပ်လုပ်ကိုင်၍ အတူနေထိုင်သူ ခင်မောင်ရွှေတို့သည် အရက်အတူသောက်စားမူးယစ်ရာမှ စကားများပြီး ခင်မောင်ရွှေက အရှည်သုံးပေ လုံးပတ်သုံးလက်မခန့်ရှိ ဝါးရင်းတုတ်ဖြင့် ရိုက်နှက် ထွက်ပြေးသွားကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ခင်မောင်ရွှေ(၃၇ နှစ်) တပ်ရွာ၊ မြေပုံမြို့နယ်နေသူကို မိုးမောက်မြို့မရဲစခန်းက စုံစမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

(ခရိုင် ပြန်/ဆက်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
အရက်အတူသောက်ရာမှ စကားများ၍ လူသတ်မှုဖြစ်ပွား အရက်အတူသောက်ရာမှ စကားများ၍ လူသတ်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 11:33 Rating: 5
Powered by Blogger.