ဒီဇင်ဘာလ ၁၄ရက် ညနေ၆နာရီက ရှမ်းပြည်နယ် မြောက်ပိုင်း သိန္နီမြို့နယ် နားဆော့ရွာနှင့် စံလောင်းရွာကြားရှိ တံတားအနီး မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ပေါက်ကွဲမှုကြောင့် ၁၂ဘီးကားမောင်းသူတစ်ဦးနှင့် ဆိုင်ကယ်မောင်းလာသူတစ်ဦး သေဆုံးခဲ့ကြောင်း သတင်းရရှိပါသည်။
မိုင်းမပေါက်ကွဲမီ က ညနေ ၅နာရီခန့် က ကွတ်ခိုင်မြို့အနီး နမ့်ကွတ်ရွာနားတွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ကိုပြည့်စုံ ထံမှ သိရသည်။ ""ညနေမှာ ကွက်ခိုင်ရှုခင်းသာ တယ်လီဖုန်းတာဝါတိုင် အနားဝန်ကျင် နမ့်ကွက်ရွာအနီးမှာ ပထမဖြစ်တယ်။ ၅နာရီခွဲဝန်းကျင်မှာ စံလောင်းမှာ ဆက်ဖြစ်ပြီး၆နာရီလောက်မှာ မိုင်းကွဲတာ။ ကျွန်တော်အခု အဲ့ဒီနေရာက ဖြတ်ပြီး လားရှိုးကိုရောက်တာ""ဟု ၎င်းက ဆက်လက်ပြောကြားပါသည်။
လက်ရှိအခြေအနေအရ နမ္မတူတံတားနှင့် လားရှိုးအထွက် တိုးဂိတ်တွင် ကားလမ်းပိတ်ထားကြောင်းသိရသည်။
မိုင်းကွဲမှုကြောင့် သေဆုံးသူများအား သိန္နီမြို့မှ အနှိုင်းမဲ့ ကုသိုလ် လူမှုကူညီရေး အသင်းက ဆေးရုံသို့ ကူညီပို့ဆောင်ပေးကြောင်း သိရသည်။
SSSMN ( LASHIO)
https://www.facebook.com/sssmedianetwork/
သိန္နီ အနီး တံတား မိုင်းကွဲ ခရီးသွား ၂ဦးသေဆုံး
Reviewed by THITHTOOLWIN
on
00:10
Rating:
