လားရှိုးမြို့အနီး လက်ပစ်ဗုံးနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ


နေပြည်တော် ဒီဇင်ဘာ ၃ဝ

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ မှ ငါးမိုင်ခန့်အကွာ ဘိလပ်မြေစက်ရုံ ဟောင်းအနီးတွင် ဒီဇင်ဘာ (၂၉) ရက်နေ့မွန်းလွဲ ပိုင်းက ပူးပေါင်းအဖွဲ့က ရှောင်တခင် စစ်ဆေးရာ လက်ပစ်ဗုံးနှစ်လုံး သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

မူးယစ်တပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် လားရှိုး-တန့်ယန်းသွားကားလမ်း လားရှိုးမြို့မှ ငါးမိုင်ခန့်အကွာရှိ ဘိလပ်မြေစက်ရုံ ဟောင်းအနီး၌ ရှောင်တခင်စစ်ဆေး ဆောင်ရွက်ရာ ဒီဇင်ဘာ (၂၉)ရက်နေ့မွန်းလွဲ ၂ နာရီခန့်က ဦးစိုင်းလွန်းဆာ မောင်းနှင်လာသည့် ကန်ဒါအမျိုးအစား ဆိုင်ကယ်ကိုစစ်ဆေးစဉ် ဆိုင်ကယ် တူးဘောက်အတွင်းမှ လက်ပစ်ဗုံး နှစ်လုံး၊ မြန်မာကျပ်ငွေ ၁ဝ သိန်း ကျော်နှင့် ဟန်းဆက်နှစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့သည်။

ဖမ်းဆီးရမိသူအား တရားဥပဒေ အရ အရေးယူဆောင်ရွက်နိုင်ရေး လားရှိုးမြို့မရဲစခန်းသို့ စနစ်တကျ လွှဲပြောင်းအပ်နှံထားကြောင်း သိရသည်။

MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
လားရှိုးမြို့အနီး လက်ပစ်ဗုံးနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ  လားရှိုးမြို့အနီး လက်ပစ်ဗုံးနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ Reviewed by THITHTOOLWIN on 11:50 Rating: 5
Powered by Blogger.