ရေတာရှည် ဒီဇင်ဘာ
ပဲခူးတိုင်းဒေသကြီး၊ ရေတရှည်မြို့နယ်၊ ပေါက်ချောင်းကျေးရွာတွင် ဒီဇင်ဘာ(၃)ရက်နေ့ နံနက် ၄နာရီခွဲအချိန်ခန့်က အမျိုးသားတစ်ဦး ရေတွင်းထဲပြုတ်ကျကာ သေဆုံးသွားခဲ့ကြောင်းသိရသည်။
သတင်း အရ ရေတာရှည်မြို့မစခန်းမှူး ဒုရဲမှူး ကျော်ဇေယျ ဦးစီးအဖွဲ့ကသွားရောက်စစ်ဆေးခဲ့ရာ သေဆုံးသူမှာ ယင်းကျေးရွာနေ ကိုကျော်နိုင်ဦး(၄၇)နှစ်၊ဆိုသူဖြစ်ပြီး ၄င်းမှာ လွန်ခဲ့သောနှစ်လခန့်ကတည်းက စိတ်ကျန်း မာရေးယိုယွင်းနေသူဖြစ်ကြောင်းသိရကာ အခင်းဖြစ်နံနက်ပိုင်းတွင် အိမ်ရှင် ဒေါ်မာကြည်မှ ဘုရားဝတ် တက်နေချိန် ဝုန်းဟူသောအသံကြားရ၍ လက်နိတ်ဓါတ်မီးဖြင့် နေအိမ်အောက်ကိုလိုက်လံထိုးကြည့်သော် လည်းမတွေ့ခဲ့ရကြောင်း၊ ဆက်လက်၍နေအိမ်ဝိုင်းအတွင်းကို လိုက်လံကြည့်ရှုခဲ့ပြီး ရေတွင်းထဲ့သို့ ဓါတ်မီး ဖြင့် ထိုးကြည့်ရာက လူတစ်ဦးရေတွင်းထဲပြုတ်ကျသေဆုံးနေကြောင်းတွေ့ရှိခဲ့ရခြင်း ဖြစ်ကြောင်း သိရ၍ ရေတာရှည်မြို့မ ရဲစခန်းတွင် သေမှုသေခင်းအမှတ်စဉ် ၉/၂ဝ၁၆ ဖြင့်အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရသည်။
ကိုလွင်(ဆွာ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
ရေတာရှည်မြို့နယ်တွင် အမျိုးသားတစ်ဦး ရေတွင်းပြုတ်ကျသေဆုံး
Reviewed by THITHTOOLWIN
on
01:20
Rating:
