မောင်တောခရိုင်အတွင်း ပုဒ်မ ၁၄၄ ထပ်မံ၍ ပြင်ဆင်ထုတ်ပြန်


မောင်တောမြို့နယ်နှင့် ဘူးသီးတောင်မြို့နယ်အတွင်းရှိ အမှတ် (၁) နယ်ခြားစောင့် ရဲတပ်ဖွဲ့ (ကျီးကန်းပြင်)၊ ငါးခူရနယ်မြေရုံး၊ ကိုးတန်ကောက်ရဲကင်း စခန်းတို့အား အောက်တိုဘာ ၉ ရက်က အကြမ်းဖက် စီးနင်း တိုက်ခိုက်မှုဖြစ်စဉ်များကြောင့် မောင်တောခရိုင်အတွင်း ဒေသပိုမို တည်ငြိမ်အေးချမ်းရေးအတွက် အများပြည်သူနှင့် သက်ဆိုင်သည့် နေရာများတွင် ငါးဦး သို့မဟုတ် ငါးဦးထက်ပိုသော လူများစုဝေးခြင်း မပြုရန်နှင့် ည ၇ နာရီမှ နံနက် ၆ နာရီအထိ ကာလ အတွင်း ညမထွက်ရအမိန့်ကို ဒီဇင်ဘာ ၉ ရက်မှ စ၍ နှစ်လ ပြည့်မြောက် သည့်နေ့အထိ ရာဇဝတ်ကျင့်ထုံးပုဒ်မ ၁၄၄ အရ ထပ်မံ၍ ပြင်ဆင်ထုတ်ပြန်ထားကြောင်းသိရသည်။

(နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီ)
https://www.facebook.com/MyanmarSCOInfoCom/
မောင်တောခရိုင်အတွင်း ပုဒ်မ ၁၄၄ ထပ်မံ၍ ပြင်ဆင်ထုတ်ပြန်  မောင်တောခရိုင်အတွင်း ပုဒ်မ ၁၄၄ ထပ်မံ၍ ပြင်ဆင်ထုတ်ပြန် Reviewed by THITHTOOLWIN on 04:46 Rating: 5
Powered by Blogger.