ရန်ကုန်-မန္တလေးအမြန်လမ်းတွင် လိုက်ထရပ်ယာဉ်နှင့် (၆)ဘီးယာဉ်တို့ တိုက်မိသဖြင့် သေဆုံး၊ ဒဏ်ရာရမှုများဖြစ်ပွား
နေပြည်တော်၊ ဒီဇင်ဘာ ၁၈
၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ ၁၇ ရက်နေ့ နံနက် ၄ နာရီ ၁၅ မိနစ်အချိန် မန္တလေးတိုင်း ဒေသကြီး၊ ပျော်ဘွယ်မြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ်(၂၅၂/၆-၇)ကြားတွင် ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ ပေပင်လေးအမြန်လမ်းမကြီးရဲစခန်းမှ တပ်ဖွဲ့ဝင်များ၊ အမြန်လမ်းမီးသတ်တပ်ဖွဲ့မှတပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာ မန္တလေးဘက်မှ နေပြည်တော်ဘက်သို့ ရမည်းသင်းမြို့နယ်၊ ခင်သာကျေးရွာနေ အောင်ကျော်စိုး (၃၂)နှစ်မောင်းနှင်လာသည့် ၉င/×××× လိုက်ထရပ်ယာဉ်အား လားရာတူမှ မုံရွာမြို့၊ အလယ်ရပ် ကွက်နေ ကိုကိုချစ်(၃၃)နှစ် မောင်းနှင်သော 6H/×××× (၆)ဘီးကုန်တင်ယာဉ်က ကျော်တက်စဉ် လိုက်ထရပ်ယာဉ်က လမ်းလယ်ကျွန်းသို့ကွေ့ရန် ဝဲဘက်ယာဉ်ကြောသို့ပြောင်းရာမှ ယာဉ်နှစ်စီး တိုက်မိပြီး လိုက်ထရပ်ယာဉ်မှာ တိမ်းမှောက်သွားခဲ့သည်။
ယာဉ်တိုက်မှုကြောင့် ကုန်တင်ယာဉ် ပေါ်ပါ မုံရွာမြို့နယ်၊ မုံရွေးကြေးမုံရွာနေ သီဟဇော်(၁၉)နှစ်တွင် ဒဏ်ရာများရရှိကာ အခင်းဖြစ် နေရာတွင်သေဆုံးသွားခဲ့ပြီး စစ်ကိုင်းမြို့နယ်၊ ရဲတစ်ရာကျေးရွာနေ အောင်ဇော်ထွေး(၃၈)နှစ်ပါ (၂)ဦးနှင့် လိုက်ထရပ်ယာဉ်ပေါ်ပါ ရမည်းသင်းမြို့နယ်၊ ခင်သာကျေးရွာနေ ဦးနိုင်ဝင်း(၃၁)နှစ်ပါ (၂)ဦးတို့တွင်ဒဏ်ရာများ အသီးသီး ရရှိခဲ့သဖြင့် တပ်ဖွဲ့ပိုင်ယာဉ်ဖြင့် မိတ္ထီလာဆေးရုံသို့ ကူညီပို့ ဆောင်ပေးခဲ့ပြီး ယာဉ်မောင်း အောင်ကျော်စိုးနှင့် ကိုကိုချစ် တို့အား ပေပင်လေးအမြန်လမ်းမကြီး ရဲစခန်း ယာဉ်(ပ)၇၃/၂၀၁၆၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၄-က/၃၃၈/၃၃၇ ဖြင့် အရေးယူထား ကြောင်း သတင်းရရှိသည်။
ရဲဇာနည်
https://www.facebook.com/yezarnimedia/
ရန်ကုန်-မန္တလေးအမြန်လမ်းတွင် လိုက်ထရပ်ယာဉ်နှင့် (၆)ဘီးယာဉ်တို့ တိုက်မိသဖြင့် သေဆုံး၊ ဒဏ်ရာရမှုများဖြစ်ပွား
Reviewed by THITHTOOLWIN
on
19:53
Rating:
