တောင်တွင်းကြီးမြို့ မှာ ၁၀ တန်းကျောင်းသူ သားမယားပြုကျင့်ခံရ

သမီးဖြစ်သူအား အလိုမတူဘဲသားမယားပြုကျင့်ခဲ့သော သမက်ဟောင်းအား မိခင်ဖြစ်သူမှတိုင်ကြားအမှုဖွင့်
တောင်တွင်းကြီးမြို့နေ အမျိုးသမီးတစ်ဦးက ၎င်း၏သမက်ဟောင်းဖြစ်သူမှ သမီးဖြစ်သူအားအလိုမတူဘဲသားမယား ပြုကျင့်ခဲ့မှုပက်သက်၍ ဒီဇင်ဘာ ၉ ရက်တွင် တိုင်ကြားအမှုဖွင့်ခဲ့ကြောင်း တောင်တွင်းကြီးမြို့မရဲစခန်းမှသိရသည်။

 ဖြစ်စဉ်မှာ ဒီဇင်ဘာ ၈ ရက် ညနေ ၆ နာရီခွဲအချိန်က တောင်တွင်းကြီးမြို့၊--------ရပ်ကွက်နေဒေါ်လှလှမြင့်၊၅၅နှစ်သည် နေအိမ်၌ ရှိနေစဉ် သမီးဖြစ်သူ မ---- ၁၀ တန်းကျောင်းသူ(အပြင်ဖြေ)မှာ အုန်းတော(၁)ရပ်ကွက်ရှိ ဘော်ဒါသို့ ညစာကြည့်ရန် ထွက်ခွာသွားခဲ့ရာ ဒီဇင်ဘာ ၉ ရက် နံနက် ၈ နာရီအချိန်ထိ ပြန်လည်ရောက်ရှိလာခဲ့ခြင်းမရှိခဲ့၍ လိုက်လံစုံစမ်းရှာဖွေခဲ့ရာ နတ်မောက်မြို့နယ်၊ ဒဟတ်ကုန်းကျေးရွာဘူတာအနီးတွင် သမီးဖြစ်သူမ----၁၇နှစ်အားတွေ့ရှိရ၍မေးမြန်းခဲ့ရာ မ-------၁၇နှစ်အား အစ်မဖြစ်သူ မသန္တာညို နှင့် လွန်ခဲ့သော(၇)လခန့်က တရားဝင်ကွာရှင်းထားသောခင်ပွန်းဟောင်းဖြစ်သူ မျိုးမင်းဌေး၊၂၃နှစ်၊ အုန်းတော(၁)ရပ်ကွက်၊တောင်တွင်းကြီးမြို့နေသူ မှ မသန္တာညိုအကြောင်းမေးရန်ရှိ၍ လိုက်ခဲ့ရန်ခေါ်သဖြင့် ဘော်ဒါဆောင်သို့ မရောက်မှီ မျိုးမင်းဌေး၏ဆိုင်ကယ်ဖြင့်လိုက်သွားခဲ့ရာ နတ်မောက်မြို့နယ်၊ ဒဟတ်ကုန်းကျေးရွာနေ မစောထွေး၏ နေအိမ်သို့ ဒီဇင်ဘာ ၉ ရက် နံနက် နှစ် နာရီအချိန်ခန့်တွင်ရောက်ရှိခဲ့ပြီး မျိုးမင်းဌေး မှ အလိုမတူဘဲ သားမယားမဖြစ်(၁)ကြိမ်ပြုကျင့်ခဲ့ ကြောင်းပြောပြသိရှိခဲ့ခြင်းဖြစ်ကြောင်း တရားလို၏တိုင်ကြားချက်အရသိရသည်။

 ဖြစ်စဉ်နှင့်ပက်သက်၍ မျိုးမင်းဌေးအား အရေးယူပေးပါရန် ဒေါ်လှလှမြင့်မှ ဒီဇင်ဘာ(၉)ရက်နေ့တွင်တိုင်ကြားခဲ့သဖြင့် တောင်တွင်းကြီးမြို့နယ်၊ မြို့မရဲစခန်းက (ပ)၁၉၁၆/၂၀၁၆၊ရာဇသတ်ကြီးပုဒ်မ ၃၆၃/၃၇၆ ဖြင့်အမှုဖွင့်ထားသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper/
တောင်တွင်းကြီးမြို့ မှာ ၁၀ တန်းကျောင်းသူ သားမယားပြုကျင့်ခံရ  တောင်တွင်းကြီးမြို့ မှာ ၁၀ တန်းကျောင်းသူ သားမယားပြုကျင့်ခံရ Reviewed by THITHTOOLWIN on 20:41 Rating: 5
Powered by Blogger.