ကျိုက်ထိုမြို့ရှိ တည်းခိုခန်းတစ်ခုတွင် လူတစ်ဦးသေဆုံး


ကျိုက်ထို ဒီဇင်ဘာ ၉

ကျိုက်ထိုမြို့မြောက်ပိုင်းရပ်ကွက်တွင် ဖွင့်လှစ်ထားသည့် မြတ်အင်ကြင်းတည်းခိုခန်းတွင် ဒီဇင်ဘာ ၉ရက်နေ့လည် ၁၂ နာရီအချိန်တွင် လာရောက်တည်းခိုသူ တစ်ဦးသေဆုံးကြောင်း သတင်းရရှိပါသည်။

 သတင်းအရ ကျိုက်ထိုမြို့မရဲစခန်းမှူးဒုရဲမှူးသံမရောင်းနှင့် တပ်ဖွဲ့ဝင်များမှ သက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာ သေဆုံးသူမှာကျော်သက်နိုင်(၃၀)နှစ်(ဘ)ဦးတင်သိန်း ဖန်ချက်စက်ရုံဝန်ထမ်းအိမ်ရာ သံလျင်မြို့နယ် ရန်ကုန်တိုင်းဒေသကြီးနေသူဖြစ်ကြောင်း သိရပါသည်။

 တည်းခိုသည့်ကုတင်ဘေးတွင် ပက်လက်အနေအထားဖြင့် ပါးစပ်မှအန်ဖတ်များ ထွက်လျှက်ပြင်ပဒါဏ်ရာမတွေ့ဘဲသေဆုံးလျှက်တွေ့ရှိရ၍ စုံစမ်းမေးမြန်းရာ သေဆုံးသူမှာ ဒီဇင်ဘာ ၈ ရက်နေ့လည် ၁၁ နာရီတွင်ရန်ကုန်မြို့မှ ကျိုက်ထိုမြို့သို့ဘုရားဖူးရန် ရောက်ရှိလာသူဖြစ်ပြီး မြတ်အင်ကြင်းတည်းခိုခန်းတွင်တည်းခို၍ည ၈ နာရီခွဲခန့်၌ ကျိုက်ထိုမြို့နယ် ဖက္ကလိပ်ကျေးရွာနေညီဖြစ်သူဇင်မင်းနိုင်နှင့်အတူ ကော့စံနိုင်ရပ်ကွက်ရှိ ဘိုကတော်စားသောက်ဆိုင်တွင် သောက်စားပြီး ညီဖြစ်သူမှ ည၁၂နာရီခန့်တွင် တည်းခိုခန်းသို့လိုက်ပါ ပို့ဆောင်ခဲ့ကြောင်း ယင်းနောက်ညီဖြစ်သူမှဒီဇင်ဘာ ၉ရက်နံနက်၁၁နာရီခန့်တွင် နံနက်စာစားရန်သွားရောက်ခေါ်ယူစဉ်သေဆုံးမှုဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရပါသည်။

သေဆုံးသူအား ကျိုက်ထိုမြို့မရဲစခန်းမှ ကျိုက်ထိုပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပြီး သေမှုသေခင်းအမှတ်စဉ်၁၄/၂၀၁၆ အရအမှုဖွင့် အရေးယူဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

ဝင်းမောင်(ကျိုက်ထို)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
ကျိုက်ထိုမြို့ရှိ တည်းခိုခန်းတစ်ခုတွင် လူတစ်ဦးသေဆုံး  ကျိုက်ထိုမြို့ရှိ တည်းခိုခန်းတစ်ခုတွင် လူတစ်ဦးသေဆုံး Reviewed by THITHTOOLWIN on 04:38 Rating: 5
Powered by Blogger.