![]() |
တစ်ဘက်နိုင်ငံသို့ တရားမဝင် ခိုးထွက်သူ ၅၆ ဦးနှင့်အတူ ဒဗလျူဝိုင် စာတန်းပါဆေးပြား တစ်သောင်းခန့် ဖမ်းဆီးရမိ |
လုံခြုံရေးတပ်ဖွဲ့ဝင်များသည် နတ်မြစ်တစ်လျှောက် ကင်းလှည့်တာဝန်ထမ်းဆောင်စဉ် နိုဝင်ဘာ ၃၀ ရက် ည ၈ နာရီခွဲတွင် မသင်္ကာဖွယ်လှေ နှစ် စီးအား တွေ့ရှိသဖြင့် မီးအချက်ပြ၍ ခေါ်ရာ လာရောက်ခြင်းမရှိသဖြင့် လက်နက်ငယ်ဖြင့် ၁၀ ချက် ခန့် ခြောက်လှန့်ပစ်ခတ် ဖမ်းဆီးခဲ့သည်။
အဆိုပါ လောင်းလှေများပေါ်မှ တစ်ဘက်နိုင်ငံသို့ တရားမဝင် ခိုးထွက်သူ ၅၆ ဦးနှင့်အတူ ဒဗလျူဝိုင် စာတန်းပါ ဆေးပြား ၁၀၀၀၀ ပြား ခန့်တို့အား ဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိသူများအား ခေတ္တထိန်းသိမ်းထားပြီး စစ်ဆေးမေးမြန်းလျက်ရှိကြောင်းသိရသည်။
ရသေ့တောင်နှင့် မောင်တောမြို့နယ်တို့၌ မသင်္ကာသူ ၅ ဦး ဖမ်းဆီးရမိ
လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ရသေ့တောင်မြို့နယ်နှင့် မောင်တောမြို့နယ်အတွင်း နိုဝင်ဘာ ၃၀ ရက်က နယ်မြေရှင်းလင်းရေးဆောင်ရွက်ခဲ့ရာ မသင်္ကာသူ ၅ ဦး ဖမ်းဆီးရမိခဲ့သည်။
နယ်မြေရှင်းလင်းရေးဆောင်ရွက်စဉ် ရသေ့တောင်မြို့နယ် ကံဆိပ်ကျေးရွာနေ အဒူလာအား နံနက် ၅ နာရီခွဲတွင်လည်းကောင်း၊ မောင်တောမြို့နယ် မောင်နှမ (တောင်) ကျေးရွာနေ ဇာဖော်ရာမောက် အပါအဝင် ၃ ဦးအား မွန်းလွဲ ၂ နာရီ မိနစ် ၂၀ တွင်လည်းကောင်း၊ ဖားဝပ်ချောင်းကျေးရွာနေ ကာမာ အား ညနေ ၅ နာရီတွင်လည်းကောင်း ဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိသူများအား ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်လျက် ရှိကြောင်းသိရသည်။
(နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီ)
https://www.facebook.com/SCOInfoC/
တရားမဝင် ခိုးထွက်သူ ၅၆ ဦးနှင့်အတူ စိတ်ကြွဆေးပြားများ ဖမ်းမိ
Reviewed by THITHTOOLWIN
on
16:09
Rating:
