အူရို ဒီဇင်ဘာ ၁၁
နိုင်ဂျီးရီးယားနိုင်ငံ မြောက်ပိုင်းရှိ အူရိုမြို့တွင် ခရစ်ယာန်ဘုရား ကျောင်းတစ်ခု၏အမိုးပြိုကျခဲ့ခြင်းကြောင့် လူ ၁၆ဝ သေဆုံးခဲ့ကြောင်း စကိုင်းသတင်းဌာနကဖော်ပြသည်။
ပြိုကျခဲ့သောဘုရားကျောင်းသည် အမိုးပြင်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေသည့်ဘုရားကျောင်းဖြစ်ကာ အမိုးပြိုကျမှုဖြစ်ပွားချိန်တွင် ဘုရားကျောင်းအတွင်း၌ ဝတ်ပြုဆုတောင်းသူ ရာနှင့်ချီ၍ရောက်ရှိနေ ချိန်ဖြစ်သောကြောင့် သေဆုံးသူဦးရေများပြားခဲ့ခြင်းဖြစ်သည်ဟု နိုင် ဂျီးရီးယားအစိုးရက သတင်းထုတ်ပြန်သည်။
ဘုရားကျောင်းတာဝန်ရှိ သူများသည် အမိုးပြင်ဆင်ခြင်းလုပ်ငန်းများမှာ လုံခြုံစိတ်ချရသည့်အခြေ အနေရှိသည်ဟု ယုံကြည်သောကြောင့် ဝတ်ပြုဆုတောင်းမှုပြုလုပ်ရန် ခွင့်ပြုခဲ့ခြင်းဖြစ်ကာ မတော်တဆမှုဖြစ်စဉ်အတွက် စစ်ဆေးခံရဖွယ်ရှိနေ သည်ဟု သိရသည်။
ထို့အပြင် ထိခိုက်ဒဏ်ရာရရှိသူများပြားခဲ့ခြင်းကြောင့် သေဆုံးသူ ဦးရေတိုးပွားလာနိုင်သည်ဟုလည်း အူရိုမြို့တော်ဝန်က အတည်ပြုထား သည်။ အဆိုပါဖြစ်စဉ်သည် ပြီးခဲ့သည့်ငါးနှစ်အတွင်း နိုင်ဂျီးရီးယား နိုင်ငံ၌ ဖြစ်ပွားခဲ့သော မတော်တဆမှုများထဲတွင် အဆိုးရွားဆုံးဖြစ်စဉ် ဖြစ်ခဲ့သည်ဟု သိရသည်။
The Union Daily
https://www.facebook.com/uniondaily.net/
ဘုရားကျောင်းအမိုးပြိုကျမှုကြောင့် နိုင်ဂျီးရီးယားတွင် လူ ၁၆ဝ သေဆုံး
Reviewed by THITHTOOLWIN
on
17:58
Rating:
