မင်းပြား မီးလောင်ဒဏ်ရာရသူ ၅ ဦးအနက် ၄ ဦး ကွယ်လွန်

မင်းပြား မီးလောင်ဒဏ်ရာရ ကိုအောင်မျိုးသန့် ကွယ်လွန်သွားပြီ
မင်းပြား (Dec 05, 2016)

(၂၅.၁၁.၂၀၁၆) ရက်နေ့ မင်းပြားမြို့ ဦးစိုးတင့်ရပ်ကွက် မီးလောင်မှုကြောင့် ပြင်းထန်ဒဏ်ရာရရှိခဲ့သည့် မင်းပြားမြို့ အလယ်ပိုင်းရပ်ကွက် လမ်းသစ်မှ (ဘ) ဦးသာထွန်းအေး၏ သား ကိုအောင်မျိုးသန့် (အသက်-၂၇နှစ်) သည် စစ်တွေမြို့ ပြည်သူ့ဆေးရုံကြီး၌ (၅.၁၂.၂၀၁၆) ယနေ့ မွန်းလွဲ (၂း၁၅) နာရီ အချိန်ခန့်က ကွယ်လွန်သွားခဲ့ပြီ ဖြစ်သည်။

ကိုအောင်မျိုးသန့်၏ ရုပ်အလောင်းကို စစ်တွေမြို့မှ မင်းပြားမြို့သို့ ယနေ့ သယ်ဆောင်ယူလာမည်ဟု သိရှိရသည်။

မင်းပြား မီးလောင်ဒဏ်ရာရ ဦးထွန်းအောင်ကျော် (မရမာကြီး) ကွယ်လွန်သွားပြီ 
ဦးစိုးတင့်ရပ်ကွက် မီးလောင်မှုကြောင့် အမျိုးသား ၃ ဦးနှင့် အမျိုးသမီး ၂ ဦး မီးလောင်ပြင်းထန်ဒဏ်ရာ ရရှိခဲ့ပြီး စစ်တွေမြို့ ပြည်သူ့ဆေးရုံကြီး၌ အတွင်းလူနာအဖြစ် ဆေးကုသမှု ခံယူခဲ့ကြရာ (၂၉.၁၁.၂၀၁၆) နေ့တွင် မင်းပြားမြို့နယ် ကေသလာချောင်းဝ ကျေးရွာမှ ဒေါ်စိုးစိုး၊ (၃၀.၁၁.၂၀၁၆) ရက်နေ့တွင် ဦးစိုးတင့်ရပ်ကွက်မှ ကိုအောင်သန်း၊ (၄.၁၂.၂၀၁၆) ရက်နေ့တွင် ဥက္ကာပျံရပ်ကွက်မှ ဦးထွန်းအောင်ကျော်နှင့် (၅.၁၂.၂၀၁၆) ရက်နေ့တွင် အလယ်ပိုင်းရပ်ကွက်မှ ကိုအောင်မျိုးသန့် တို့ကွယ်လွန်သွားခဲ့ကြသည်။

ကျန်လူနာတစ်ဦးဖြစ်သည့် မင်းပြားမြို့နယ် ပန်ဇင်းမော်ကျေးရွာမှ ဒေါ်လှမြသန်း မှာ စစ်တွေမြို့ ပြည်သူ့ဆေးရုံကြီး၌ ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရှိရသည်။

မင်းပြား - သတင်း
05 . 12 . 2016
https://www.facebook.com/mongbranews
မင်းပြား မီးလောင်ဒဏ်ရာရသူ ၅ ဦးအနက် ၄ ဦး ကွယ်လွန်  မင်းပြား မီးလောင်ဒဏ်ရာရသူ ၅ ဦးအနက် ၄ ဦး ကွယ်လွန် Reviewed by THITHTOOLWIN on 16:35 Rating: 5
Powered by Blogger.