ဟိန္ဒားသတ္တုမိုင်းကိစ္စဒေသခံတွေ သတင်းစာရှင်းလင်းပွဲကို ရန်ကုန်မြို့ Orchid Hotel မှာ ဒီဇင်ဘာလ ၂၁ ရက်နေ့ကးကျင်းပနေစဉ်။ Photo: Kaung Htet Kyaw/ RFA |
ဒီကနေ့ ရန်ကုန်မြို့ Orchid Hotel မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဒေသခံတွေကို ကိုယ်စားပြု ပေးနေတဲ့ Dawei Pro Bono Lawyers Network အဖွဲ့ဝင် မအေးမွန်သူက ပြောတာဖြစ်ပါတယ်။
တနင်္သာရီတိုင်းဒေသကြီးမှာ တရားဝင်သတ္တုတူးဖော်ခွင့်ရထားတဲ့ လုပ်ငန်း ၈ ခုရှိပြီး အဲ့ဒီအထဲက သဘာဝပတ်ဝန်းကျင်နဲ့ လူမှုပတ်ဝန်းကျင်ကို ထိခိုက်စေ တဲ့ ရေဆိုးစွန့်ပစ်တဲ့ ဟိန္ဒားသတ္တုတွင်း၊ အရှေ့တိုင်းသတ္တုတွင်းနဲ့ ဝေသတ္တုတွင်းတွေကို လုပ်ငန်းလည်ပတ်ခွင့် ယာယီရပ်ဆိုင်းထားဖို့ တိုင်းဒေသကြီးအစိုးရ အဖွဲ့က ညွှန်ကြားထားတာဖြစ်ပါတယ်။
ဟိန္ဒားသတ္တုတွင်းကြောင့် ဒေသခံတွေရဲ့ လယ်မြေတွေ ပျက်စီးကုန်ပြီး နစ်နာဆုံးရှုံးမှုအတွက် လျော်ကြေးငွေ ကျပ်သိန်း ၃ ထောင်ကျော် ပေးဖို့ သတ္တုတွင်း နားက မြောင်းပြိုရွာသား ၉ ဦးက ၂၀၁၄ ခုနှစ် ဇူလိုင်လမှာ ထားဝယ်ခရိုင်တရားရုံးမှာ တရားစွဲဆိုခဲ့ပါတယ်။
အဲဒီ အမှုကို ပလပ်လိုက်တဲ့အတွက် အဲဒီအမှုဟာ လက်ရှိ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရဲ့ အယူခံဆိုင်ရာ အထူးရုံးမှာ ဒေသခံတွေက အယူခံ တင်ထား ပါတယ်။
လယ်ယာမြေတွေက ကွင်းပြင်တွေဖြစ်နေပြီး သတ္တုမိုင်းစီမံကိန်းတွေကြောင့် ဒေသခံတွေ သောက်သုံးရေအတွက်လည်း အခက်အခဲတွေဖြစ်နေတယ်လို့ မအေးမွန်သူ က ပြောပါတယ်။
RFA Burmese
http://www.rfa.org/burmese
ဟိန္ဒားသတ္တုမိုင်းကိစ္စဒေသခံတွေ သတင်းစာရှင်းလင်း
Reviewed by THITHTOOLWIN
on
18:37
Rating: