တာချီလိတ်၌ အာပီဂျီဗုံးသီးအပါနှင့် လက်နက်များဖမ်းမိ

တာချီလိတ် ၌ လက်နက်များနှင့်အတူ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
တာချီလိတ် ဒီဇင်ဘာ ၁၈

တာချီလိတ်မြို့၊ ဆန်ဆိုင်း(က)ရပ်ကွက်၊ ပုံလို့ ( ၁၃) လမ်း၊ အမှတ် (ဆဆက-၂/၉)ရှိ ကျော်ကုန်စည် ပို့ဆောင်ရေး ခြံဝင်းတွင် ဒီဇင်ဘာ ၁၇ ရက်နေ့၊ နံနက်ပိုင်းက လက်နက်များနှင့်အတူ မူးယစ်ဆေးဝါးများ ဖမ်းဆီး ရမိကြောင်း သိရသည်။


ဖြစ်စဉ်မှာ မူးယစ်ဆေးဝါး ရှာဖွေဝရမ်းအမှတ်(၆၀/၂၀၁၆)အရ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ တပ်ဖွဲ့စု (၃၀)တာချီလိတ်နှင့် ပူးပေါင်းအဖွဲ့တို့သည် ကျော်ကုန်စည်ပို့ဆောင်ရေး ခြံဝင်းအတွင်းသို့ ၀င်ရောက် ရှာဖွေရာ ခြံဝင်းအတွင်း အလုပ်လုပ်ကိုင်နေသည့် ကျော်ထွေးမြင့်၊ ၀င်းကျော်လှ၊ စိုးဝင်းထွေးနှင့် သီတာမိုး တို့အား တွေ့ရှိရပြီး၊ ဆက်လက်ရှာဖွေရာ ကျော်မြင့်(ခ) အောင်ကျော်မြင့် အိပ်ခန်းအောက်ရှိ ဂိုဒေါင်အတွင်းမှ ဘိန်းဖြူ ဘလောက်တုံး (၁၄၁)တုံး၊ အလေးချိန်(၄၉.၃၅) ကီလိုဂရမ်၊ TAIYO တံဆိပ်ပါ မီးခံသေတ္တာအတွင်းမှ ထိုင်းဘတ်ငွေ(၈၀၀၀၀)ဘတ်၊ အိပ်ခန်းတွင်းမှ NAYUN HONGZ HEN စာတမ်းပါ လက်ဘက်ခြောက် စက္ကူဗူး အတွင်းမှ မြန်မာငွေကျပ် ၁၅ သိန်း၊ အလေးချိန် (၇၀၀)ဂရမ်ရှိ WY စာတမ်းပါ နီညိုရောင် စိတ်ကြွဆေးပြား (၇၀၀၀)ပြား ၊ ဂိုဒေါင်အတွင်းရှိ နံပါတ်မပါ မြေစိုက်မှန်လုံကားအတွင်းရှိ သံသေတ္တာတွင် အမ်-၂၂ ပြောင်းရှည် သေနတ်(၃)လက်၊ အမ်-၁၆ ပြောင်းရှည်သေနတ် (၁)လက်၊ အမ်-၂၁ ပြောင်းရည် သေနတ်(၁)လက်၊ အာပီဂျီဗုံးသီး (၁)လုံး၊ စက်လတ်ပြောင်းပို (၁)ခု၊ သေနတ်ကာဗာ (၁)ခု၊ ကျည်တောင့် (၁၃၄၅)တောင့်၊ မွေ့ယာအောက်မှ ပွိုင့်-၂၂ ပြောင်းရှည်သေနတ် (၂)လက်၊ အေကေ-၄၇ ပြောင်းရှည်သေနတ် (၁)လက်၊ အိပ်ခန်း အပြင်ဖက် ဘုရားစင်ဘေးမှ hi-view တံဆိပ်ပါ CCTV ဖမ်းစက် (၁) လုံး ၊ ထို့အပြင် ဂိုဒေါင်ခြံဝင်းအတွင်းမှ မြေစိုက် မှန်လုံကားအတွင်းရှိ စက္ကူဖာအတွင်းမှ Sunsumg တံဆိပ်ပါ အနက်ရောင် အပူပေးစက်(၁)လုံး၊ အမြင့် ၁၃ လက်မခန့်ရှိ မွှေစက်(၁)လုံး၊ အရှည် ၁၀လက်မခန့်ရှိ ကြိတ်စက် (၁)လုံး၊ ကဖင်းဟု ယူဆရသော အလေးချိန်(၁)ကီလိုဂရမ် အဖြူရောင် အမှုန့် (၁)ထုပ်၊ (A) အမှတ်အသားပါ တံဆိပ်တုံး (၂)ခု ၊ တရုတ်စာအမှတ် အသားပါ တံဆိပ်တုံး (၂)ခု ၊ ယမ်းတောင့် (၃၉)ချောင်း နှင့် Vigo အမျိုးအစား အနက်ရောင် မော်တော်ယာဉ် တစ်စီး ၊ Mark –II အမျိုးအစား အဖြူရောင် မော်တော်ယာဉ် တစ်စီး HINO DHTRO အမျိုးအစား (၆)ဘီးမော်တော်ယာဉ် တစ်စီး တို့ကို သိမ်းဆည်းရမိသည်။


ထို့နောက် မူးယစ်တပ်ဖွဲ့စု(၂၇)လွိုင်လင်၏ ဆက်သွယ်အကြောင်းကြားချက်တွင် ပါဝင်သည့် ကျော်မြင့်(ခ) အောင်ကျော်မြင့်၏ ထွက်ဆိုချက်အရ သိမ်းဆည်းရမိသည့် ဘလောက်တုံးများ၏ ပိုင်းရှင်မှာ တာချီလိတ်မြို့ ၀ိန်းကျောက်ရပ်ကွက်၊ အာခါဈေးလမ်း၊ အမှတ်(၀ကခ-၁၇၆)နေ အားယိင်း၏ ပစ္စည်းများဖြစ်ကြောင်း သိရသဖြင့် ပူးပေါင်းအဖွဲ့က နေအိမ်းအား ဆက်လက်ဝင်ရောက်ရှာဖွေရာ ၄င်း အားယိင်း မှာ တိမ်းရှောင်လျက် ရှိပြီး၊ မူးယစ် ဆေးဝါးများ တစ်စုံတစ်ရာ ရှာဖွေ တွေ့ရှိခြင်း မရှိကြောင်းသိရသည်။


အဆိုပါ ကျော်မြင့်(ခ)အောင်ကျော်မြင့်၊ ကျော်ထွေးမြင့်၊ ၀င်းကျော်လှ၊ စိုးဝင်းထွေး၊ သီတာမိုး ၊ နန်းစံဖူး၊ အားယိမ်း(တိမ်းရှောင်နေသူ) တို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်းသတင်းရရှိသည်။

တာချီလိတ်(ခရိုင်ပြန်/ဆက်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
တာချီလိတ်၌ အာပီဂျီဗုံးသီးအပါနှင့် လက်နက်များဖမ်းမိ တာချီလိတ်၌ အာပီဂျီဗုံးသီးအပါနှင့် လက်နက်များဖမ်းမိ Reviewed by THITHTOOLWIN on 22:35 Rating: 5
Powered by Blogger.