![]() |
( ဘင်္ဂလားဒေ့ရှ်နိုင်ငံက စခန်းတစ်ခုမှာ ရိုဟင်ဂျာဒုက္ခသည်တချို့ကို တွေ့ရစဉ် ) Photo: United Nations Refugee Agency - Cox's Bazar, Bangladesh facebook |
ဒီအတောအတွင်း ဘင်္ဂလားဒေ့ရှ်ရောက် ဘင်ဂါလီ ခေါင်းဆောင်တချို့က မောင်တောဒေသကထွက်ပြေးပြီး ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနယ်ခြားရှိ နတ်မြစ်အတွင်းက ကျွန်းတခုပေါ်မှာ သောင်တင်နေတဲ့ ဒုက္ခသည် သုံးထောင်ကျော်ရှိပြီး အဲဒီလူတွေ အခုအစာရေစာပြတ်နေကြပြီလို့ ပြောပါတယ်။
လတ်တလောကာလတွေအတွင်း ရောက်ရှိလာတဲ့ ရခိုင်ပြည်နယ်က ဒုက္ခသည်တွေကို ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက အစားအစာ၊ ဆေးဝါးနဲ့ နေထိုင်စရာတွေ ထောက်ပံ့ခြင်းမရှိကြောင်း၊ အဲဒီလိုကူညီရင် နောက်ထပ်အမြောက်အများ ထပ်မံထွက်ပြေးလာကြမှာကို စိုးရိမ်လို့ဖြစ်ကြောင်း စသဖြင့် AFP သတင်းမှာ ဖေါ်ပြထားပါတယ်။
RFA Burmese
https://www.facebook.com/rfaburmese/
ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာ တသောင်းကျော်ရှိဟု ကုလအရာရှိပြောကြား
Reviewed by THITHTOOLWIN
on
15:47
Rating:
