ရုပ်ပွားတော်များ ပျောက်ဆုံးမှု စုံစမ်းရာမှ ကြေးဆင်းတုတော်တစ်ဆူနှင့် ဦးခေါင်းတော်တစ်လုံး သိမ်းဆည်းရမိ


ကျွန်းလှ ဒီဇင်ဘာ ၂၃

စစ်ကိုင်းတိုင်းဒေသကြီး ကျွန်း လှမြို့နယ် သစ်ရာမြိုင်ရပ်ကွက် မိုဃ်းဆုတောင်းပြည့်စေတီအတွင်း ရှိ ရုပ်ပွားတော်များ ပျောက်ဆုံးမှု စုံစမ်းရာမှ ဦးခေါင်းမပါ ကြေး ဆင်းတုတော်တစ်ဆူနှင့် ဦးခေါင်း တော်တစ်လုံးသိမ်းဆည်းရမိကြောင်း သိရသည်။

ဖြစ်စဉ်မှာ ရွှေဘိုခရိုင်ရဲတပ်ဖွဲ့ မှူး ဒုတိယရဲမှူးကြီး မြင့်ကျော်၊ ကျွန်းလှမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး မောင်မောင်ခန့်တို့၏ လမ်းညွှန်မှု ဖြင့် မြို့မရဲစန်းမှ ရဲအုပ်ခင်မောင်ဦး နှင့် တပ်ဖွဲ့ဝင်များသည် သတင်း အရ ယခုလ ၁၈ ရက်က စစ်ကိုင်း မြို့ ရွှေမင်းဝံရပ်ကွက်နေ မင်းခန့် (ဘ)ဦးချစ်အောင် နေအိမ်အတွင်း ရှာဖွေရာ ဥာဏ်တော်လေးလက်မရှိ (ဦးခေါင်းမပါ) ပြည်လုံးချမ်းသာရ ဘုရားကြေးဆင်းတုတော်တစ်ဆူ နှင့် အင်္ဂတေဖြင့် ပြုလုပ်ထားသော ဦးခေါင်းတော်တစ်လုံး တူးဖော် သိမ်းဆည်းရမိကြောင်း သိရသည်။

အဆိုပါသိမ်းဆည်းရမိသော ကြေးဆင်းတုတော်နှင့် ဦးခေါင်း တော်အား မည်သည့်အရပ်မှ ခိုးယူ လာကြောင်း စစ်ဆေးလျက်ရှိ ကြောင်း သိရသည်။

မျိုးဝင်းညို(ကျွန်းလှ)
The Union Daily
https://www.facebook.com/uniondaily.net
ရုပ်ပွားတော်များ ပျောက်ဆုံးမှု စုံစမ်းရာမှ ကြေးဆင်းတုတော်တစ်ဆူနှင့် ဦးခေါင်းတော်တစ်လုံး သိမ်းဆည်းရမိ  ရုပ်ပွားတော်များ ပျောက်ဆုံးမှု စုံစမ်းရာမှ ကြေးဆင်းတုတော်တစ်ဆူနှင့် ဦးခေါင်းတော်တစ်လုံး သိမ်းဆည်းရမိ Reviewed by THITHTOOLWIN on 16:08 Rating: 5
Powered by Blogger.