ရခိုင်ဂေဇက်၊ ဒီဇင်ဘာ ၁၇
စစ်တွေမြို့ မင်းဘာကြီးလမ်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးအနီးတွင် ယခု ညနေ ၇နာရီကျော် အချိန် လမ်းဘေးတွင် ရပ်နားထားသည့်ကားလေးစီးအား မင်းဘာကြီးလမ်းအတိုင်းမောင်းနှင်လာသည့် ကားတစ်စီးမှ ဝင်တိုက်သဖြင့် ကားလေးစီးအနက် နှစ်စီးမှာ ပျက်စီးသွားကြောင်းသတင်းရရှိသည်။
" ကျနော်တို့ကားတွေက ရပ်ထားတာ အဲမှာ ကားတစ်စီးကဝင်တိုက်တော့ ရပ်ထားတဲ့ကားတွေ ဆင့်ကဲ တိုက်သွားတာပေါ့၊ တိုက်တဲ့ကားနဲ့ ကားနှစ်စီးတော့ ပျက်စီးသွားတယကျန်တဲ့ကားတွေတော့ အနည်းငယ်ပါ"ဟု အဆိုပါ ကားတိုက်မှုဖြစ်အနီးတွင်ရှိနေသည့်ဒေသခံတစ်ဦးကပြောသည်။
အဆိုပါ ဝင်တိုက်သည့်ကား၏ ယာဉ်မောင်းမှာဒဏ်ရာအနည်းငယ်ရရှိသွားကြောင်းသိရှိရသည်။
Rakhine Gazette
www.rakhinegazette.com
လမ်းဘေးတွင် ရပ်ထားသည့် ကားလေးစီး အတိုက်ခံရ
Reviewed by THITHTOOLWIN
on
21:32
Rating:
