ကရာချိ ဒီဇင်ဘာ ၇
ခရီးသည် ၄၇ ဦး လိုက်ပါလာသည့် ပါကစ္စတန် နိုင်ငံတကာလေကြောင်း လိုင်းပိုင် လေယာဉ်သည် ဗုဒ္ဓဟူးနေ့က ပါကစ္စတန်မြောက်ပိုင်း တောင်တန်းဒေသ တစ်ခုတွင် ပျက်ကျသွားခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့် ပြည်တွင်းလေကြောင်း အဖွဲ့က ပြောကြားခဲ့သည်။
PK-661 လေယာဉ်သည် ချစ်ထရယ်မှ အစ္စလာမ်မာဘတ်သို့ ခရီးစဉ်ပျံသန်းရာ လမ်းကြောင်းပေါ်တွင်ရှိ နေစဉ် လေယာဉ်ပျံသန်းမှုထိန်းချုပ်ရေးတာဝါနှင့် အဆက်အသွယ်ပြတ်တောက် သွားခဲ့ကြောင်း ပါကစ္စတန်လေကြောင်း လိုင်းက ဆိုသည်။
လေကြောင်းလိုင်းက လေယာဉ်ပေါ် တွင် လူ ၄ဝ ဝန်းကျင်ခန့် လိုက်ပါ လာသည်ဟု ဖော်ပြခဲ့သော်လည်း လေ ကြောင်းအဖွဲ့အစည်းမှ အာဏာပိုင်များ ကမူ ၄၇ ဦးလိုက်ပါလာသည်ဟု ဆိုသည်။
သေကျေပျက်စီးမှုရှိမရှိကို အတိ အကျ မသိရှိရသေးပေ။ လေယာဉ်သည် ဟာဗေးလီးယန်းပြည်နယ်အတွင်း ပျက် ကျခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့မှ အကြီးတန်း အရာရှိတစ်ဦးဖြစ်သည့် လစ်ရှားက ပြောသည်။
အဆိုပါလေယာဉ်သည် ယခင်က လုံခြုံစိတ်ချရမှုမရှိဟူသော စွပ်စွဲချက် များရှိခဲ့ဖူးသည်ဟု ဆိုသည်။လေယာဉ် ပျက်ကျရာနေရာသို့ ကယ်ဆယ်ရေးအဖွဲ့ အား စေလွှတ်ထားပြီဖြစ်ကြောင်း ပြည်တွင်းလေကြောင်းအဖွဲ့မှ ပြောဆို ခွင့်ရှိသူ ပါဗက်စ်ဂျော့က ရိုက်တာသတင်း ဌာနသို့ပြောကြားခဲ့သည်။
လေယာဉ်သည် ညနေ ၄ နာရီခန့် တွင် လေကြောင်းထိန်းချုပ်မှုအဖွဲ့နှင့် အဆက်အသွယ် ပြတ်တောက်သွားခဲ့ ကာ လေယာဉ်ပေါ်လိုက်ပါလာသူ အားလုံး အသက်ရှင်နိုင်ဖွယ်မရှိကြောင်း သိရသည်။
(ရိုက်တာ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
ပါကစ္စတန်မြောက်ပိုင်းတွင် လေယာဉ်ပျက်ကျ
Reviewed by THITHTOOLWIN
on
10:22
Rating:
