![]() |
အမြန်ဆုံး ဆင်းသက်ခွင့် ပေးဖို့ မြေပြင်စခန်း ကို တောင်းဆို |
လေယာဉ်မှူး က လျှပ်စစ်ပိုင်း ဆိုင်ရာ ချို့ယွင်းမှု ရှိနေကြောင်း သတင်း ပေး ပို့ခဲ့ပြီး နောက် မှာ မြေပြင် စခန်း နဲ့ အဆက်အသွယ် လုံးဝ ပြတ်တောက် သွားကြောင်း ကိုလံဘီယာ လေကြောင်း ထိန်းသိမ်းရေး ဌာန တာဝန် ရှိသူက ပြောပါတယ်။
သတင်းဌာန တွေမှာတော့ လေယာဉ်မှူး က ဆီလျော့နည်း နေတဲ့ အတွက် အမြန်ဆုံး ဆင်းသက်ခွင့် ပေးဖို့ မြေပြင်စခန်း ကို တောင်းဆို တဲ့ အသံတွေကို ဖော်ပြ နေပါတယ်။
နိုဝင်ဘာလ ၂၉ ရက်နေ့က ဖြစ်ပွား ခဲ့တဲ့ လေယာဉ် ပျက်ကျမှု အတွင်းမှာ လေယာဉ် ပေါ်မှာ လိုက်ပါ လာတဲ့ ခရီးသည် ၇၇ ယောက်ထဲမှာ ၆ ယောက်ပဲ အသက်ရှင် ကျန်ရစ် တာ ဖြစ်ပါတယ်။
BBC Burmese
http://www.bbc.com/burmese
ဘရာဇီး ဘောလုံးသမားတွေ စီးနင်း လာတဲ့ လေယာဉ် က ဆီကုန်လို့ ပျက်ကျခဲ့ရ
Reviewed by THITHTOOLWIN
on
09:48
Rating:
