မုံရွာစက်မှုဇုန် ဂွမ်းဖတ်စက်၊ နေအိမ်နှင့် ဝါဂိုဒေါင် တစ်နာရီခန့်ကြာ မီးလောင်မှုဖြစ်


မုံရွာ ဒီဇင်ဘာ ၆

မုံရွာစက်မှုဇုန်နယ်မြေ(၅) အတွင်းရှိ ၃၇ လမ်းနှင့် ၃၈ လမ်းကြားရှိ ဂွမ်းဖတ်စက်နှင့်အတူ နေအိမ်၊ ဝါဂိုဒေါင် စုစုပေါင်း သုံးလုံး မီးလောင်မှု ဒီဇင်ဘာ ၆ ရက် ည ၇ နာရီ မိနစ်၂ဝ က ဖြစ်ပွားကြောင်း မုံရွာမြို့နယ်မီးသတ်စခန်း၏ ကနဦးသတင်းများအရ သိရသည်။

ကနဦးသတင်းများအရ ဦးအောင်လင်း၏ ဂွမ်းဖတ်စက် မီးလောင်ခြင်းဖြစ်ပြီး ည ၇ နာရီ မိနစ်၂ဝ တွင် မီးသတ်ကား အင်အားများများသုံး ငြှိမ်းသတ်ခဲ့ရာ မိနစ်၂ဝ အကြာ ၇ နာရီ မိနစ် ၄ဝ တွင် မီးထိန်းနိုင်ခဲ့ပြီး ည ၈ နာရီ ၁ဝ မိနစ်တွင် မီးလုံးဝ ငြိမ်းသွားကြောင်း သိရသည်။

မျိုးဝင်းထွန်း (မုံရွာ)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
မုံရွာစက်မှုဇုန် ဂွမ်းဖတ်စက်၊ နေအိမ်နှင့် ဝါဂိုဒေါင် တစ်နာရီခန့်ကြာ မီးလောင်မှုဖြစ်  မုံရွာစက်မှုဇုန် ဂွမ်းဖတ်စက်၊ နေအိမ်နှင့် ဝါဂိုဒေါင် တစ်နာရီခန့်ကြာ မီးလောင်မှုဖြစ် Reviewed by THITHTOOLWIN on 15:07 Rating: 5
Powered by Blogger.