ဂျာမနီ ခရစ်စမတ် ဈေးတန်း ကုန်တင်ကား ဝင်တိုက်၊ အနည်းဆုံး ၁၂ ဉီး သေ

တစ်နာရီကို ကီလိုမီတာ ၆၀ ကျော်နှုန်း နဲ့ မောင်းလာပြီး နည်းနည်းလေးမှ အရှိန်မလျော့ဘဲ ဈေးတန်း ထဲကို ဝင်တိုက်
ဂျာမနီ နိုင်ငံ ဘာလင် မြို့က ခရစ်စမတ် ဈေးတန်း ထဲကို ကုန်တင် ကားတစ်စီး အရှိန်ပြင်းပြင်း နဲ့ ဝင်တိုက်ခိုက် ခဲ့တဲ့ အတွက် အနည်းဆုံး လူ ၁၂ ဉီး သေဆုံးပြီး နောက်ထပ် လူ ၅၀ ဟာလည်း အပြင်းအထန် ဒဏ်ရာ ရရှိသွားခဲ့ပါတယ်။

ယာဉ်မောင်းသူ က တမင် ကြံစည်ပြီး ခရစ်စမတ် ဈေးတန်း ထဲကို ဝင်တိုက်တာ ဖြစ်တယ်လို့ ဂျာမနီ ရဲတပ်ဖွဲ့က ပြောကြားနေပါတယ်။

ကုန်တင် ကား က တစ်နာရီကို ကီလိုမီတာ ၆၀ ကျော်နှုန်း နဲ့ မောင်းလာပြီး နည်းနည်းလေးမှ အရှိန်မလျော့ဘဲ ဈေးတန်း ထဲကို ဝင်တိုက် ခဲ့တာလည်း ဖြစ်ပါတယ်။

အကူ ယာဉ်မောင်း ကတော့ သေဆုံး သွားပြီး အဓိက တရားခံ ယာဉ်မောင်းသူ ကိုလည်း ဖမ်းဆီး ရမိ ခဲ့ပြီလို့ ဂျာမနီ သတင်းဌာန တွေမှာ ဖော်ပြနေပါတယ်။

ကားတိုက်မှု မြင်ကွင်း က ထိတ်လန့် စက်ဆုပ်ဖွယ် ကောင်းတယ်လို့ ဂျာမန် သတင်းထောက် တစ်ယောက်က ပြောပါတယ်။

BBC Burmese
http://www.bbc.com/burmese

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ