အိန္ဒိယရောက် အမေရိကန်တွေအတွက် လုံခြုံရေး သတိပေးချက်ထုတ်ထား

အိန္ဒယနိုင်ငံ နယူးဒေလီမြို့ အမေရိကန်သံရုံး။
အကြမ်းဖက်အဖွဲ့တွေက အိန္ဒိယနိုင်ငံကို ပစ်မှတ်ထားပြီး တိုက်ခိုက်လာနိုင်တယ် ဆိုပြီး အိန္ဒိယသတင်းမီဒီယာတွေက မကြာသေးခင်က ဖော်ပြခဲ့တာကြောင့် အိန္ဒိယနိုင်ငံမှာ ရှိတဲ့ အမေရိကန်နိုင်ငံသားတွေအနေနဲ့ သတိရှိကြဖို့ နယူးဒေလီမြို့ အမေရိကန်သံရုံးက ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။

ဒီကနေ့ နေ့စွဲနဲ့ ထုတ်ပြန်လိုက်တဲ့ကြေညာချက်ထဲမှာတော့ - နှစ်သစ်ကူး အချိန်ကိုရောက်ရှိလာတာနဲ့ အမျှ၊ အမေရိကန်နိုင်ငံသားတွေအနေနဲ့ ကမ္ဘာလှည့်ခရီးသည်တွေ အသွားအလာများတဲ့ အပမ်းဖြေစခန်းတွေ၊ ပင်လယ်ကမ်းခြေတွေ၊ ဈေးဝယ်စင်တာတွေ၊ ဘာသာရေးအဆောက်အအုံတွေ နဲ့ ပွဲတော်တွေသွားတဲ့အခါမှာ သတိဝိရီယရှိဖို့ ပြောထားပါတယ်။

ဒါ့အပြင် အမေရိကန်သံရုံးကြေညာချက်ထဲမှာတော့ - အမေရိကန်နိုင်ငံသားတွေ အနေနဲ့ သိပ်ပြီးတော့ ထင်ထင်ပေါ်ပေါ်မနေကြဖို့၊ ဆန္ဒပြပွဲတွေကို ရှောင်ကြဖို့၊ ကိုယ်နေ့စဉ်လုပ်နေတဲ့ အလုပ်တွေကို အချိန်တွေ၊ လမ်းကြောင်းတွေပြောင်းပြီး လုပ်ကြဖို့ နဲ့ ပတ်ဝန်းကျင်မှာ ဘာဖြစ်နေတယ် ဆိုတာကို နိုးနိုးကြားကြား ရှိကြဖို့ ပြောထားပါတယ်။ အနောက်နိုင်ငံသားတွေ အသွားအလာများတဲ့ အဲဒီနေရာတွေကို ခြိမ်းခြောက်မှုတွေ တိုးလာနေတယ်လို့ အမေရိကန်သံရုံး ရဲ့ ကြေညာချက်ထဲမှာ ပြောထားပါတယ်။

 ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
အိန္ဒိယရောက် အမေရိကန်တွေအတွက် လုံခြုံရေး သတိပေးချက်ထုတ်ထား အိန္ဒိယရောက် အမေရိကန်တွေအတွက် လုံခြုံရေး သတိပေးချက်ထုတ်ထား Reviewed by THITHTOOLWIN on 22:09 Rating: 5
Powered by Blogger.