ကြိုက်တာယူ ၅၀၀၀ ကျပ်အရောင်းဆိုင်များကို ၀င်ရောက်စစ်ဆေးရာ တရားမ၀င် လုပ်ကိုင်နေသော တရုတ်နိုင်ငံသားအချို့ကို တွေ့ရှိ
ရန်ကုန်တိုင်းဒေသကြီး ကျောက်တံတားမြို့နယ်အတွင်းရှိ ကြိုက်တာယူ ၅၀၀၀ ကျပ် အရောင်းဆိုင်များကို ဒီဇင်ဘာ ၇ ရက်နေ့တွင် ၀င်ရောက် စစ်ဆေးရာ တရားမ၀င် လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသားအချို့ကို စစ်ဆေးတွေ့ရှိကြောင်း သိရသည်။
ယင်းသို့ဝင်ရောက်စစ်ဆေးရာတွင် ယင်းမြို့နယ်အတွင်းရှိ အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ပြာအပါအ၀င် အုပ်ချုပ်ရေးမှူး၊ လ.၀က၊ ရဲတပ်ဖွဲ့၊ အခွန်စည်ပင်မှ တာဝန်ရှိသူများ၊ မီးသတ်တပ်ဖွဲ့ဝင်များပါဝင်ပြီး အဆိုပါအရောင်းဆိုင်များတွင် ၀င်ရောက်လုပ်ကိုင်နေသော တရုတ်နိုင်ငံသားများကို တရားဝင်သတ်မှတ်ဗီဇာဖြင့် ကိုက်ညီမှုရှိမရှိကို ကွင်းဆင်းစစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၂၈ ရက်နေ့ကလည်း ပန်းဘဲတန်းမြို့နယ်အတွင်းက ဆောက်လုပ်ရေးလုပ်ငန်းများ၊ ကြိုက်တာယူ ၅၀၀၀ ကျပ် အရောင်းများကို ယင်းမြို့နယ်တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်ဦးနှင့် သက်ဆိုင်ရာမြို့နယ်မှ တာဝန်ရှိသူတို့က ၀င်ရောက်စစ်ဆေးခဲ့သည်။
လင်းလင်းအောင်
News Watch
https://www.facebook.com/NewsWatchJournal/
ကြိုက်တာယူ ၅၀၀၀ ကျပ်အရောင်းဆိုင်များကို ၀င်ရောက်စစ်ဆေးရာ တရားမ၀င် လုပ်ကိုင်နေသော တရုတ်နိုင်ငံသားအချို့ကို တွေ့ရှိ
Reviewed by THITHTOOLWIN
on
15:02
Rating:
