တာချီလိတ်၌ ငါးနှစ်အရွယ် မိန်းကလေးငယ်အား လိင်းပိုင်ဆိုင်ရာ ကျုးလွန်သူ ထွက်ပြေးတိမ်းရှောင်


တာချီလိတ် ဒီဇင်ဘာ ၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့၊ ရန်အောင်မြေရပ်ကွက်၊ ပါလျှံ(၁)၌ ဒီဇင်ဘာ ၅ ရက်နေ့ ညနေပိုင်း မိဘအုပ်ထိန်းမှုအောက်ရှိသော အသက်မပြည့်သေးသည့် ငါးနှစ်အရွယ်ရှိ မိန်းကလေးငယ်အား သွေးဆောင်ဖြားယောင်းပြီး ဓမ္မတာနှင့် ဆန့်ကျင်ကာ လိင်းပိုင်ဆိုင်ရာ ကျုးလွန်ပြီး ထွက်ပြေး တိမ်းရှောင် လျက်ရှိကြောင်း သိရသည်။

အမှုမှာ ဒီဇင်ဘာ ၅ ရက်နေ့ ညနေ ၄ နာရီခွဲက ဒေါ်------သည် အလိုတော်ပြည့်ဘုန်းကြီးကျောင်းသို့ ဝေယျာဝေစ္စ လုပ်ကိုင်ပေးရန်အတွက် နေအိမ်အားပိတ်နေစဉ် နေအိမ်ပြင်ပတွင် ရှိနေသော သမီးငယ်မ--------(၅ နှစ်)မှာ နေအိမ်တွင် မတွေ့ရဘဲ ပျောက်ဆုံးနေသဖြင့် သမီးအလတ်နှင့်အတူ လိုက်လံရှာဖွေရာ မ---- အား ညနေ ၅ နာရီ တွင် မျက်နှာချင်းဆိုင်နေထိုင်သော မြင့်ဌေး (၄၅ နှစ်)၏ ခြံဝန်းအတွင်းမှ သမီးငယ်ဖြစ်သူမှာ ထိုင်းဘတ်ငွေ ၂၀ တန် တစ်ရွက်ကိုင်ဆောင်၍ ထွက်လာသည်ကို တွေ့ရသဖြင့် နေအိမ်သို့ ခေါ်ယူမေးမြန်းခဲ့ရာသမီးဖြစ်သူသည် နေအိမ်ရှေ့ လမ်းမပေါ်တွင်ရှိနေစဉ် မျက်နှာချင်းဆိုင်နေ အိမ်တွင် နေထိုင်သော မြင့်ဌေးမှ လက်ယက်ခေါ်သဖြင့် သွားရောက် ခဲ့ရာ နေအိမ်အတွင်းသို့ ခေါ်ဆောင် သွားခဲ့ကြောင်း၊ နေအိမ်အပေါ်ထပ်တွင် မ----အား ထိုင်းဘတ်ငွေ ၂၀ တန်တစ်ရွက်အား မုန့်ဖိုးပေးတာဟု ပြောပြီး လိင်ပိုင်ဆိုင်ရာ စော်ကားခဲ့ကြောင်း မ---၏ ပြောပြချက်အရ သိရှိရသည်။

''မိဘအုပ်ထိန်းသူများကလည်း မိမိတို့၏ သားသမီးငယ်များကို ဂရုတစိုက် ထိန်းသိမ်းကြပ်မတ်ဆောင်ရွက်မှု အားနည်းခြင်းကြောင့် တရားခံက အလွယ်တ ကူ ပြစ်မှုကျုး လွန်နိုင်တယ်'' ဟု ရပ်မိရပ်ဖ တစ်ဦးက ပြောသည်။

အမှုမှ မိဘအုပ်ထိန်းမှုအောက်သော အသက်မပြည့်သေးသည့် မိန်းကလေးငယ်အား သွေးဆောင်ဖြားယာင်းပြီး ဓမ္မတာနှင့်ဆန့်ကျင်ကာ လိင်ပိုင်ဆိုင်ရာစော်ကားပြီး ထွက်ပြေးတိမ်းရှောင်နေသော မြင့်ဌေး (၄၅ နှစ်)၊ အိမ်အမှတ် (မ/၁၆၉)အလိုတော်ပြည့်ဘုန်းကြီးကျောင်းလမ်း၊ ပါလျှံ(၁)၊ ရန်အောင်မြေရပ် ကွက်နေသူအား တာချီလိတ်မြို့မရဲ စခန်းက (ပ)၂၃၁/၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ ၃၆၃/၁၇၇ ဖြင့်အမှုဖွင့်ကာ တရားခံအား ဖမ်းဆီးရမိရေးအတွက် ဆောင်ရွက်လျက်ထားကြောင်း သိရသည်။

မြင့်မိုရ်(တာချီလိတ်)
https://www.facebook.com/mjin.mou.1
တာချီလိတ်၌ ငါးနှစ်အရွယ် မိန်းကလေးငယ်အား လိင်းပိုင်ဆိုင်ရာ ကျုးလွန်သူ ထွက်ပြေးတိမ်းရှောင်  တာချီလိတ်၌ ငါးနှစ်အရွယ် မိန်းကလေးငယ်အား လိင်းပိုင်ဆိုင်ရာ ကျုးလွန်သူ ထွက်ပြေးတိမ်းရှောင် Reviewed by THITHTOOLWIN on 18:22 Rating: 5
Powered by Blogger.