နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် စင်ကာပူနိုင်ငံ၏ အကျင့်ပျက် အဂတိလိုက်စားမှု စုံစမ်းစစ်ဆေးရေးဌာနသို့ သွား ရောက်လေ့လာ


(၁-၁၂-၂၀၁၆ရက်နေ့ ၊ စင်ကာပူမြို့)

စင်ကာပူနိုင်ငံတွင် ရောက်ရှိနေသည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ဒေသစံတော်ချိန် ၁၃း၁၅ နာရီ အချိန်တွင် ကိုယ်စားလှယ်အဖွဲ့ဝင်များ လိုက်ပါလျက် စင်ကာပူနိုင်ငံ၏ အကျင့်ပျက်အဂတိလိုက်စားမှု စုံစမ်းစစ်ဆေးရေးဌာန( Corrupt Practices Investigation Bureau-CPIB) သို့ သွားရောက်လေ့လာခဲ့ပါသည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ကိုယ်စားလှယ်အဖွဲ့အား CPIB ၏ ညွှန်ကြားရေးမှူး Mr. Wong Hong Kuan မှ CPIB နှင့်ပတ်သက်သည့် အကြောင်းအရာများအားရှင်းလင်းတင်ပြပါသည်။


ရှင်းလင်းပြောကြားမှုများအရ စင်ကာပူနိုင်ငံ၏ အစိုးရအဖွဲ့နှင့် အစိုးရရုံးများမှာ ပွင့်လင်းမြင်သာမှုရှိပြီး အဂတိ လိုက်စားမှုတွင် အနိမ့်ဆုံးဖြစ်ကြောင်း၊ Transparency International ၏ ၂၀၁၅ ခုနှစ် စစ်တမ်းအရ နိုင်ငံပေါင်း ၁၈၆ နိုင်ငံတွင် စင်ကာပူနိုင်ငံမှ အဆင့် (၈) နေရာတွင်ရှိသည့်အတွက် အဂတိလိုက်စားမှု အနည်းဆုံး နိုင်ငံဖြစ်ကြောင်း၊ စင်ကာပူနိုင်ငံတွင် အဂတိလိုက်စားမှုများမှာ အဖွဲ့အစည်းပုံစံမဟုတ်ဘဲ သီးခြား အဖြစ်အပျက်များ အနေဖြင့်သာတွေ့ရကြောင်း၊ တိုင်ကြားမှုများ၏ ၇၅%မှာ တစ်သီးပုဂ္ဂလတိုင်ကြား မှုများဖြစ် ကြောင်း၊ ၂၀၁၅ ခုနှစ်အတွင်း တိုင်ကြားမှု (၁၁) မှုသာရှိကြောင်း၊ စင်ကာပူနိုင်ငံတွင် အဂတိလိုက်စားမှုအား တိုက်ဖျက်ရာတွင် ထိရောက်အောင်မြင်မှုမှာ အစိုးရ၏ ထိရောက်စွာအရေးယူ ကိုင်တွယ်ခြင်း၊ ထိရောက်သည့် ဥပဒေရှိပြီး ဥပဒေအား တိကျစွာ လိုက်နာကျင့်သုံးမှုရှိခြင်း၊ လွတ်လပ်သော တရားစီရင်မှုရှိခြင်းနှင့် ပြည်သူများမှ ပူးပေါင်းပါဝင်မှုရှိခြင်းတို့ကြောင့်ဖြစ်ကြောင်း သိရှိရပါသည်။

သတင်းဓာတ်ပုံ- မြန်မာသံရုံး၊ စင်ကာပူမြို့ နှင့် မြန်မာကိုယ်စားလှယ်အဖွဲ့
-ပြန်/ဆက်ဌာန
Ministry of Foreign Affairs Myanmar
https://www.facebook.com/mofamyanmar/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

သင်ရဲ့မိတ်ဆွေတွေ ဘာတွေဖတ်သလဲ စိတ်ဝင်စားသလဲ

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ

သတင်းစာနှင့် ဂျာနယ်များ