![]() |
ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလမှာ အစ္စလမ္မစ်စစ်သွေးကြွတွေက ပါရီမြို့တဝိုက်မှာ လူပေါင်း ၁၃၀ကို သတ်ဖြတ်ပြီး နောက်ပိုင်း အရေးပေါ်ကာလ သတ်မှတ်မှုကို ငါးကြိမ်မြောက် တိုးလိုက်တာ ဖြစ် |
နောက်နှစ် မေလနဲ့ ဇွန်လမှာ ရွေးကောက်ပွဲလုပ်ဖို့ရှိပြီး ဇူလိုင်လ ၁၄ရက်မှာ ဘာစတီးနေ့ အခမ်းအနားတွေ လုပ်ဖို့ ရှိတဲ့အတွက် အခုလို လုံခြုံရေး ဆက်တိုးထားဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။
ဒီလို ဆက်တိုးဖို့ ဆုံးဖြတ်တာကို ပါလီမန်က အင်္ဂါနေ့မှာ အတည်ပြုရေး ဆုံးဖြတ်ဖို့ စီစဉ်ထားပါတယ်။
ဒီလို ဆက်တိုးတာနဲ့ ပတ်သက်ပြီး ပြင်သစ် ဝန်ကြီးချုပ် ဘဲ နာ့တ် ကက်ဇ် နက်ဗ်က
'အခုလို ငါးကြမ်မြောက် ဆက်တိုးလိုက်တာဟာ ကျနော်တို့ နိုင်ငံ လုံခြုံရေးအတွက် အရမ်း အရေးကြီးပါတယ်။
အီဂျစ်နဲ့ နိုင်ဂျီးရီးယားမှာ လတ်တလော ဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုတွေက ဒီလို လုံခြုံရေး ဂရုစိုက်ဖို့ လိုတယ်ဆိုတာကို ကောင်းကောင်း သက်သေခံပေးနေတယ်' လို့ ပြောဆိုထားခဲ့ပါတယ်။
ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလမှာ အစ္စလမ္မစ်စစ်သွေးကြွတွေက ပါရီမြို့တဝိုက်မှာ လူပေါင်း ၁၃၀ကို သတ်ြဖတ်ပြီး နောက်ပိုင်း အရေးပေါ်ကာလ သတ်မှတ်မှုကို ငါးကြိမ်မြောက် တိုးလိုက်တာ ဖြစ်ပါတယ်။
အခုလို အရေးပေါ်အခြေအနေကို ပထမဆုံး ကြေငြာပြီး နောက်ပိုင်းမှာ အစိုးရက အကြမ်းဖက်မှုမှာ မသင်္ကာလို့ ဝင်စီးခဲ့တဲ့ အိမ်အရေအတွက် သုံးထောင်ကျော် ရှိခဲ့ပြီး လူလေးရာကျော်ကိုလည်း ဖမ်းဆီးမှုတွေ ပြုလုပ်ခဲ့ပါတယ်။
BBC Burmese
http://www.bbc.com/burmese
ပြင်သစ်မှာ အရေးပေါ်ကာလ နောက်နှစ်ဝက်အထိ တိုး
Reviewed by THITHTOOLWIN
on
04:27
Rating:
