အိန္ဒိယတွင် အုပ်စုဖွဲ့ လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခံခဲ့ရဟု အမေရိကန်အမျိုးသမီးတစ်ဦး တိုင်ကြား


နယူးဒေလီ

အိန္ဒိယနိုင်ငံ မြို့တော် နယူးဒေလီသို့ ယခုနှစ်အစောပိုင်းတွင် သွားရောက်လည်ပတ်စဉ် ဟိုတယ်တစ်ခု၌ အုပ်စုဖွဲ့လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခံခဲ့ရကြောင်း အမေရိကန်နိုင်ငံသား အမျိုးသမီးတစ်ဦးက ရဲတပ်ဖွဲ့ထံတွင် အမှုဖွင့်တိုင်ကြားခဲ့သည်ဟု သိရသည်။

အမျိုးသမီးသည် အမေရိကန်အခြေစိုက် အင်န်ဂျီအိုတစ်ခုမှတစ်ဆင့် အိန္ဒိယရဲတပ်ဖွဲ့ထံသို့ အီးမေးလ်ဖြင့် ဆက်သွယ်ခဲ့ခြင်းဖြစ်သည်။ အမျိုးသမီးက တိုင်ကြားခဲ့ပြီးနောက် ဒေလီရဲတပ်ဖွဲ့သည် ယင်းနှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုပြုလုပ်ခဲ့သည်။

ရဲတပ်ဖွဲ့သည် အမေရိကန်အမျိုးသမီး၏တိုင်ကြားမှုနှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးနေပြီဖြစ်ကြောင်း ရဲမှူး မူကက်ရှ် မီနာက အေအက်ဖ်ပီသတင်းဌာနသို့ ပြောဆိုခဲ့သည်။

အပြစ်သူကို အပြစ်ပေးနိုင်ရေး ကြိုးပမ်းပေးရန် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဆူရှ်မာ ဆွာရာဂ်ျက ပြောဆိုခဲ့သည်။ လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခံခဲ့ရသည့် အမျိုးသမီးကို ဆက်သွယ်ရန် အမေရိကန်ပြည်ထောင်စုဆိုင်ရာ အိန္ဒိယသံအမတ်ကြီးကို ညွှန်ကြားထားကြောင်း ၄င်းက စနေနေ့တွင် တွစ်တာ၌ ရေးသားခဲ့သည်။

ယင်းအမျိုးသမီးသည် ဧပြီတွင် အိန္ဒိယသို့ လာရောက်ခဲ့သော်လည်း လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခံခဲ့ရပြီးနောက် ခရီးစဉ်ကို အကျဉ်းရုံးကာ အမေရိကန်သို့ပြန်သွားခဲ့ကြောင်း ဒေသခံမီဒီယာများက ရဲတပ်ဖွဲ့၏ ပြောဆိုမှုကို ကိုးကားပြီး ဖော်ပြခဲ့သည်။

ဟိုတယ်အခန်းကို ဝင်ရောက်ခွင့်ရထားသည့် ဧည့်လမ်းညွှန်သည် ၄င်းအား ဆေးခပ်ထားသော ရေကို သောက်စေပြီး ၄င်းသတိလက်လွတ်ဖြစ်နေချိန်တွင် အခြားအသိအကျွမ်းလေးဦးနှင့်အတူ လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခဲ့ကြောင်း အမျိုးသမီးက ပြောဆိုခဲ့သည် ဟု မီဒီယာများက ဖော်ပြခဲ့သည်။

အမျိုးသမီး အိန္ဒိယသို့လာရောက်သည့် အချိန်၊ ဟိုတယ်ရှိ လုံခြုံရေးကင်မရာမှတ်တမ်းများကို ရဲတပ်ဖွဲ့က စစ်ဆေးနေပြီဖြစ်သည်။

Source:AFP
ရိုးမြေ
SKY Land News & Entertainment Media
https://www.facebook.com/skyland.news
အိန္ဒိယတွင် အုပ်စုဖွဲ့ လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခံခဲ့ရဟု အမေရိကန်အမျိုးသမီးတစ်ဦး တိုင်ကြား   အိန္ဒိယတွင် အုပ်စုဖွဲ့ လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခံခဲ့ရဟု အမေရိကန်အမျိုးသမီးတစ်ဦး တိုင်ကြား Reviewed by THITHTOOLWIN on 18:33 Rating: 5
Powered by Blogger.