မြစ်ကြီးနားမြို့ နယ်မှာ နေအိမ်တစ်လုံး မီးလောင်းမှု ဖြစ်ပွား
ကချင်ပြည်နယ် မြစ်ကြီးနားမြို့  ပြည်နယ်မီးသတ်စခန်းနှင့်( ၇) မိုင်ကွာခန့် ရှိ အနောက်နန်းရပ် ပလန (၁) နယ်မြေ (၄)တွင် ဒီဇင်ဘာလ (၅)ရက်နေ့ က အိမ်ရှင် ဒေါ်မြဝင်း ၏ သွပ်မိုး ထရံကာ ပျဉ်ခင်း (27´×18´) နှစ်ထပ် အိမ်အမျိုးစားအား ဆိုလာပြားအားသွင်းရာမှတစ်ဆင့် မီးလောင်ကျွမ်းခဲ့ ပါသည်။
အိမ်ရှင်မရှိခိုက် မီးလောင်ကျွမ်းခြင်းဖြစ်သည်။ နံနက် ၁၀ :၀၀ အချိန် မီးစတင်လောင်ကျွမ်းခဲ့ပီး ၁၀ :၃၀ အချိန်ခန့် မီးထိန်းနိုင်ခဲ့ကာ ၁၁:၂၀ အချိန် မီးလုံးဝငြိမ်းအေးခဲ့ပါသည်။
ပြည်နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် ၂ စီး ရေသယ်ယာဉ် ၂ စီး သန္ဓေအင်အား ၃၀ ဦး စီတာပူရပ်ကွက် အရန်အင်အား ၁၀ ဦး ရေသယ်ယာဉ် ၁ စီးတို့ ဖြင့် ထွက်ခွါငြှိမ်းသတ်ခဲ့ပါသည် ။
လူ တိရိစ္ဆာန်ထိခိုက်မှုမရှိကြောင်း သတင်းရရှိပါသည်။
ကို​ဇေယျာမဏီ / ​ကျော်​သက်​​ထွေး
Powered by Blogger.