![]() |
ဒေါ်လာဈေး တရှိန်ထိုး မြင့်တက် |
အခုလို ကိုင်တွယ် လုပ်ဆောင်မှုက ဒေါ်လာဈေး တရှိန်ထိုး မြင့်တက်မှုကို တန့်သွားစေနိုင်သလို ဈေးကစားသူတွေ ထိတ်လန့်သွားနိုင်တယ်လို့ စီးပွားရေး ပညာရှင် ဦးလှမောင်က ပြောပါတယ်။
ပြည်ပမှာ ဒေါ်လာတွေ တရားမဝင် ရောက်နေတာ ဘီလျံနဲ့ ချီ ရှိနေပြီး တချို့မှာ ဘဏ်စာရင်း ၅ ခုနဲ့ ၁၁ ဘီလျံထိ ရှိတာမျိုး တွေ့ရတယ်လို့ သိရပါတယ်။
ရန်ကုန်က ငွေလဲဌာန အသေးစား တွေမှာတောင် တရက်ကို ဒေါ်လာ သန်းနဲ့ချီ အရောင်းအဝယ်ဖြစ်တယ်လို့လည်း ဦးလှမောင်က ဆိုပါတယ်။
အခုလို ဒေါ်လာဈေး ထိန်းမရ ဖြစ်ရတဲ့ အကြောင်းတွေက ပြည်ပ ပို့ကုန် တန်ဖိုး လျော့နည်းပြီး အစိုးရမှာ ဝင်ငွေ မရှိလို့ ငွေကြေးဖောင်းပွမှုတွေ ဖြစ်တာကြောင့်လို့ သူက ဆိုပါတယ်။
အစိုးရ မှန်းထားတာထက် ဘက်ဂျက် လျော့နည်းနေလို့ လွှတ်တော်မှာ ဖြည့်စွက်တောင်းရတာမျိုးတွေလည်း ရှိပါတယ်။
BBC Burmese
http://www.bbc.com/burmese
နိုင်ငံခြား ဘဏ်စာရင်းတွေကို တင်ပြဖို့ ဗဟိုဘဏ်ညွှန်ကြား
Reviewed by THITHTOOLWIN
on
04:00
Rating:
