ကုန်သေတ္တာယာဉ်တစ်စီးမှ ကုန်သေတ္တာယာဉ်များကို ဝင်တိုက်


ကြည့်မြင်တိုင် ဒီဇင်ဘာ ၁၁

ကြည့်မြင်တိုင်မြို့နယ်အတွင်း ဒီဇင်ဘာ ၁ဝ ရက် ည ၁ဝ နာရီခွဲခန့်က ကွန်ကရစ်လမ်းပေါ်၌ မောင်းနှင်လာသည့် ကုန်သေတ္တာယာဉ်တစ်စီးက ရပ်ထားသည့် ကုန်သေတ္တာယာဉ်နှစ်စီးကို ဆင့်ကဲဝင်တုက်မှုဖြစ်ပွားခဲ့သည်။

ကွန်ကရစ်လမ်းအတိုင်း မြောက်ဘက်မှတောင်ဘက်သို့ ယာဉ်မောင်း စိန်ဖြိုး (၁၈ နှစ်) မောင်းနှင်လာသည့် ပေ ၄ဝ ကုန်သေတ္တာယာဉ် 6B/--- သည် သီရိမင်္ဂလာယာဉ်ရောင်းဝယ်ရေးစခန်း အနောက်ဘက်သို့အရောက်တွင် ၄င်းရှေ့ညာဘက်၌ရပ်ထားသည့် ကုန်သေတ္တာ နောက်တွဲယာဉ်2B/----၏ နောက်ပိုင်းကို အရှိန်ဖြင့်ဝင်တိုက်မိပြီး ဘယ်ဘက်လမ်းကြောပေါ်သို့ ဆွဲတွေ့ရာမှ လမ်းဘေး၌ ကပ်ရပ်ထားသည့် ကုန်သေတ္တာတင်ယာဉ် 4E/--- ၏ နောက်တွဲဘေးအားတပ်အံတိုက်မိပြီး ရပ်တန့်သွားခဲ့သည်။

ယာဉ်သုံးစီုးတိုက်မိမှုကြောင့် မောင်းနှင်လာသည့် 6B/--- ကုန်သေတ္တာယာဉ်မှာ ကားခေါင်းပိုင်းတစ်ခုလုံးပျက်စီးပြုတ်ကျသွားခဲ့ ပြီး ယာဉ်မောင်းသူမှာ ဦးခေါင်းနှင့်ခြေလက်တို့၌ ဒဏ်ရာများပြင်းထန်စွာရရှိခဲ့မှုကြောင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ရသည်။

တင်ဝင်းလေး(ကြည့်မြင်တိုင်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ကုန်သေတ္တာယာဉ်တစ်စီးမှ ကုန်သေတ္တာယာဉ်များကို ဝင်တိုက် ကုန်သေတ္တာယာဉ်တစ်စီးမှ ကုန်သေတ္တာယာဉ်များကို ဝင်တိုက် Reviewed by THITHTOOLWIN on 21:07 Rating: 5
Powered by Blogger.