အမျိုးသားတစ်​ဦး ဓားဒဏ်ရာဖြင့် သေဆုံးမှု မြိတ်မြို့ နောက်လယ် (၃)လမ်း၌ ဖြစ်ပွား


မြိတ်​မြို့​နောက်​လယ်​ရပ် (၃)လမ်း အိမ်အမှတ်​ (၈၉)တွင် နေထိုင်သူ အမျိုးသား တစ်ဦး ဓားဒဏ်ရာများဖြင့် နေအိမ်၌ သေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ အိမ်တွင် နေထိုင်​​သော ဦးဟိုကြည်​ ​ဒေါ်တင်​ကြူတို့၏ သားဖြစ်သူ အသက်​(၄၂)နှစ်​ အရွယ်​ရှိ ဦး​ကျော်​မင်း ဆိုသူသည် နေအိမ်အတွင်း ဓားဒဏ်ရာ များဖြင့် သေဆုံးလျက် ရှိသည်ကို ဒီဇင်ဘာလ ၂ ရက်နေ့ ညနေ ၄ နာရီ အချိန်​ခန့်တွင်​ သိရှိရသည်။


ထိုသို့ နေအိမ်တွင်း ဓားဒဏ်ရာများဖြင့် သေဆုံး နေမှုအား မြိတ်မြို့မ ရဲစခန်းနှင့် တာဝန်ရှိသူများက စုံစမ်းစစ်ဆေးလျက် ရှိကြောင်း သတင်းရရှိသည်။

တနင်္သာရီတိုင်းမ် သတင်းမီဒီယာ
https://www.facebook.com/myeik.secret.news/
အမျိုးသားတစ်​ဦး ဓားဒဏ်ရာဖြင့် သေဆုံးမှု မြိတ်မြို့ နောက်လယ် (၃)လမ်း၌ ဖြစ်ပွား အမျိုးသားတစ်​ဦး ဓားဒဏ်ရာဖြင့် သေဆုံးမှု မြိတ်မြို့ နောက်လယ် (၃)လမ်း၌ ဖြစ်ပွား Reviewed by THITHTOOLWIN on 21:07 Rating: 5
Powered by Blogger.