![]() |
Money Changer ငွေလဲလှယ်မည်ဟုပြောဆိုကာ ဆိုင်ရှိငွေများနှင့် အမေရိကန်ဒေါ်လာများအား လုယက်ယူဆောင်မှုဖြစ်ပွားခဲ့သဖြင့် လိုက်လံဖမ်းဆီးလျက်ရှိ |
၃.၁၂.၂၀၁၆ ရက်နေ့ ၁၄၂၀ အချိန်ခန့်တွင် စမ်းချောင်းမြို့နယ်၊ မြေနီကုန်းမြောက်ရပ်ကွက်၊ ရှမ်းကုန်းလမ်း၊ မြေညီထပ်ရှိ Money Changer ၌ လူငယ်အမျိုးသား ၂ ဦးဝင်ရောက်လာပြီး မြန်မာငွေကျပ် ၂ ဖိုးခန့် အမေရိကန်ဒေါ်လာနှင့် လဲလိုကြောင်းပြောဆိုပြီး ငွေနှင့် ပစ္စည်းများလုယက်ယူဆောင် သွားကြောင်း သိရှိရပါသည်။
ဖြစ်စဉ်မှာ ယင်းနေ့ ၁၂၀၀ အချိန်ခန့်တွင် Money Changer ၌ ဆိုင်ဝန်ထမ်း ဦးမျိုးမြင့်နှင့် မအိတို့ရှိနေစဉ် အသက် ၃၀ နှစ်ခန့်ရှိ အသားညို၊ အရပ်ပု၊ ဆံပင်ပါး၊ ခပ်၀၀လူငယ်အမျိုးသားမှာ အင်္ကျီဂျာစီ အပြာရောင်နှင့် ဂျင်းဘောင်းဘီ အနက်ရောင်ဝတ်ဆင်ထားပြီး အတူပါလာသူတစ်ဦးမှာ
အရပ်ရှည်၊ ခန္ဓာကိုယ်ပိန်၊ အသားဖြူ၊ ဆံပင်နက်တို၊ T-Shirt အဖြူရောင်နှင့် ဂျင်းဘောင်းဘီအပြာရောင် ၀တ်ဆင်ထားကာ ၎င်းတို့ ၂ဦးမှာ တိုင်းရင်သား ဘာသာစကားပြောဆိုလျက် ဆိုင်အတွင်းသို့ ၀င်ရောက်လာကြောင်း၊ အသားညို၊ ခပ်၀၀လူငယ်အမျိုးသားမှ မြန်မာစကားသံဝဲ၀ဲဖြင့် ကျပ် ၂ သိန်းဖိုးခန့် အမေရိကန်ဒေါ်လာနှင့်လဲယူလိုကြောင်းပြောဆိုသဖြင့် ဆိုင်ဝန်ထမ်း ဦးမျိုးမြင့်မှ အမေရိကန် ၁ ဒေါ်လာလျှင် မြန်မာငွေ ၁၃၄၅ ကျပ်ဖြစ်ပြီး အမေရိကန်ဒေါ်လာ ၁၄၇ ဒေါ်လာရမည်ဟုပြောဆိုခဲ့ရာ ၎င်းလူငယ် အမျိုးသားမှ ကျောင်းလခသွင်းရန်မလောက်သဖြင့် ပိုက်ဆံထပ်မံသွားယူမည်ဟုပြောဆို၍ ထွက်သွားခဲ့ကြောင်း၊ ၁၃၃၀ အချိန်ခန့်တွင် အဆိုပါ လူငယ်နှစ်ဦး ဆိုင်အတွင်းသို့ ပြန်လည်ရောက်ရှိလာပြီး အသားညို၊ ခပ်၀၀လူငယ်မှ ဆိုင်ကောင်တာအနီးသို့ကပ်၍ အမေရိကန်ဒေါ်လာ ၁၆၈ ဒေါ်လာလဲမည်ဟုပြောဆိုသဖြင့် ကောင်တာအံဆွဲအတွင်းမှဒေါ်လာငွေအားထုတ်ယူ၍ စားပွဲပေါ်သို့တင်စဉ် ၎င်းလူငယ်မှ အသင့်ယူဆောင်လာသော လေးခွဖြင့်ပစ်မည်ပြုသဖြင့် ဆိုင်ဝန်ထမ်း ၂ ဦးမှာ နောက်ခန်းအတွင်းသို့ ပြေးဝင်သွားစဉ် အသံတစ်ချက်ကြား၍ ပြန်လှည့်ကြည့်ရာ အရပ်ရှည်၊ အသားဖြူလူငယ်မှ အနက်ရောင် လေပစ္စတိုသေနတ်ကိုင်ထားပြီး ၀န်ထမ်းနှစ်ဦးအား ကြမ်းပြင်တွင်မှောက်ထားရန်ပြောဆိုကာ ကောင်တာစားပွဲပေါ်
တွင်တင်ထားသော မြန်မာငွေကျပ်သိန်း(၁၅၀)၊ ကောင်တာအံဆွဲအတွင်းမှ အမေရိကန်ဒေါ်လာ(၁၅၀၀၀)နှင့် ငွေကျပ်(၄)သိန်းခန့်တန်ဖိုးရှိ ဖုန်းငွေဖြည့် ကတ်မျိုးစုံ၊ လက်ကိုင်ဖုန်း ၄ လုံးနှင့် ခရီးဆောင်အိတ် ၁ လုံးတို့ကို ယူဆောင် ထွက်ပြေးသွားကြောင်းနှင့် အရပ်ရှည်၊ အသားဖြူ လူငယ်မှ ထွက်ပြေးစဉ် လေပစ္စတိုသေနတ်ဖြင့် နောက်ပြန်လှည့်၍ ပစ်ခတ်သော်လည်း ကျည်ထွက်မှု မရှိဘဲ ဆက်လက်ထွက်ပြေးသွားကြကြောင်း တိုင်တန်းချက်အရ စမ်းချောင်းမြို့မရဲစခန်း(ပ)၄၁၄/၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ ၃၉၂/၄၂၇/၁၁၄ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိပါသည်။
ပြစ်မှုကျူးလွန်ပြီး ထွက်ပြေးသွားသူ လူငယ်ကိုင်ဆောင်သောလက်နက်မှာလည်း လေပစ္စတိုသေနတ်ဖြစ်ကြောင်းနှင့် ၎င်းတို့နှစ်ဦးအား ရဲတပ်ဖွဲ့ဝင်များက လိုက်လံစုံစမ်းဖမ်းဆီးလျက်ရှိကြောင်း သတင်းရရှိပါသည်။
Yangon Police
https://www.facebook.com/yangonpolice/
မြေနီကုန်းရှိ ငွေလဲကောင်တာအား သေနတ်ပစ်ဖေါက် ဓါးမြတိုက်ပြီး ဒေါ်လာငွေများ ယူဆောင်သွား
Reviewed by THITHTOOLWIN
on
20:30
Rating:
