![]() |
နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုဝန်ကြီး ဦးကျော်တင်က မလေးရှား သံအမတ်ကို ဆင့်ခေါ်တွေ့ဆုံစဉ် |
မလေးရှား ဝန်ကြီးချုပ် ပြောဆိုတဲ့ လူမျိုးတုန်း သတ်ဖြတ်မှု၊ လူမျိုးစု သုတ်သင် ရှင်းလင်းမှု စတဲ့ စွပ်စွဲချက်တွေ ဟာလည်း မမှန်ကန်ဘဲ လက်တွေ အခြေ အနေအနေနဲ့ ကွဲလွဲနေကြောင်း ဒုတိယ ဝန်ကြီးက ပြောခဲ့ပါတယ်။
အခုလို တာဝန်မဲ့ ပြောဆိုမှုတွေကြောင့် နှစ်ဖက် လူမှု အသိုင်းအဝိုင်းကြားမှာ ကွဲပြားမှုတွေ ပိုဖြစ်လာစေနိုင်ပြီး အစွန်းရောက် အကြမ်းဖက်ဝါဒကို နှိုးဆွေပေးရာရောက်တယ်လို့လည်း သူက သတိပေးခဲ့ပါတယ်။
မလေးရှား ဝန်ကြီးချုပ်ဟာ နိုင်ငံ အကြီးအကဲတယောက် အနေနဲ့ မပြောသင့်တာကို ပြောတဲ့အတွက် စိတ်ပျက်မိကြောင်း သံအမတ်ကြီးကို အသိပေးခဲ့တယ်လို့ နိုင်ငံခြားရေး ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးကျော်ဇေယျက ပြောပါတယ်။
အာဆီယံ နိုင်ငံတွေ အတွင်းမှာတောင်မှ အင်ဒိုနီးရှား လို နိုင်ငံမျိုးကဆိုရင် သံအမတ်ကြီးကိုယ်တိုင် အခင်းဖြစ်တဲ့ နေရာကို သွားရောက်ခဲ့ပြီး ဖြစ်နေတဲ့ သတင်းတွေက မြေပြင်က အခြေအနေနဲ့ ကွဲလွဲနေကြောင်းကို ပြောကြား ရပ်တည် ပေးခဲ့သလို အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီး ကိုယ်တိုင် သူ့နိုင်ငံက ဘာသာရေး ခေါင်းဆောင်တွေနဲ့ တွေ့ဆုံပြီး အခြေအနေမှန်ကို ရှင်းပြတာတွေ ရှိခဲ့တယ်လို့ ဦးကျော်ဇေယျက ဆိုပါတယ်။
တချိန်တည်းမှာ အာဆီယံ လူ့အခွင့် အရေးဆိုင်ရာ ပါလီမန် အမတ်များ အဖွဲ့က မလေးရှားရဲ့ မြန်မာ နိုင်ငံမှာ ဖြစ်နေတဲ့ ပြဿနာတွေ အပေါ် ထောက်ပြ ပြောဆိုမှုကို ထောက်ခံပေမယ့် ရိုဟင်ဂျာအရေး ဘယ်လို ကာကွယ် ပေးမယ်ဆိုတာ အာဆီယံ နိုင်ငံတွေက လက်တွေ့ လုပ်ပြဖို့ လိုတယ်လို့ ပြောပါတယ်။
BBC Burmese
http://www.bbc.com/burmese
တာဝန်မဲ့ ပြောဆိုမှုတွေက နှစ်ဖက် လူမှု အသိုင်းအဝိုင်းကြား ကွဲပြားမှုတွေ ပိုဖြစ်စေ
Reviewed by THITHTOOLWIN
on
03:38
Rating:
