မိုင်းပျဉ်း ဒီဇင်ဘာ ၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ် တုံတာမြို့ ဖာဝေါအုပ်စု၊ ပန်တောင်းအတက် တောင်ကြီး - ကျိုင်းတုံ ပြည်ထောင်စုလမ်းမကြီး မိုင်တိုင်အမှတ် ၅၄၂/ ၅၄၃ ကြားတွင် ဒီဇင်ဘာ ၆ ရက် နံနက် ၁၀ နာရီခွဲက (မတ်တူး)အဖြူရောင်း ယာဉ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ ချောက်ထဲထိုးကျမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ကွန်ဟိန်းမြို့ မှ ကျိုင်းတုံ သို့ ယာဉ်မောင်း မနာဆီး (၂၄)နှစ်၊ သိန်းဖျံရွာ၊ ကွန်ဟိန်းမြို့နေ မောင်းနှင်ပြီး ကျော်မျိုးထွေး(၂၄)နှစ်၊ တာချီလိတ်မြို့နေသူ လိုက်ပါလာသည့် (5G/------) (မတ်တူး)အဖြူရောင်ယာဉ်သည် မိုင်းပျဉ်းမြို့နယ်၊ တုံတာမြို့၊ ဖာဝေါအုပ်စု၊ ပန်တောင်းအတက်တွင် အရှိန်မထိန်းနိုင်ဘဲ ပေ ၄၂၀ ခန့် ရှိ ချောက်ထဲသို့ ထိုးချတိမ်းမှောက်မှု ဖြစ်ပွားခဲ့ရာ ယာဉ်မောင်းသေဆုံးပြီး ယာဉ်ပေါ်လိုက်ပါလာသူမှာ ထိခိုက်ဒဏ်ရာများရရှိခဲ့ဖြင့် မိုင်းပျဉ်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဆန်းထွန်းနှင့် ဝန်ထမ်းများ၊ မြို့မရဲစခန်းမှူးနှင့် တပ်ဖွဲ့ဝင်များ၊ တုံတာနယ်မြေရဲစခန်းမှူးနှင့်တပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မိုင်းပျဉ်းမြို့နာရေးကူညီမှုအသင်းသားများ လာရောက်ကာ လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်နှင့်ပက်သက်၍ တုံတာနယ်မြေရဲစခန်းက အမှုဖွင့် အရေးယူထားကြောင်း သိရသည်။
azm
Iprd Minepyinn Pyinn
https://www.facebook.com/iprdminepyinn.pyinn
မိုင်းပျဉ်းမြို့နယ်၌ ယာဉ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ ချောက်ထဲထိုးကျ၊ ယာဉ်မောင်းသေဆုံး
Reviewed by THITHTOOLWIN
on
18:49
Rating:
