အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံမည်

ဓါတ်ပုံ - ( နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ရစဉ် )
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေ လာမယ့် ဒီဇင်ဘာလ ၁၉ ရက်နေ့မှာ တွေ့ဆုံနိုင်ဖို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ပြင်ဆင်နေပါတယ်။

နိုင်ငံတွင်းဖြစ်ပေါ်တိုးတက်နေတာတွေနဲ့ပတ်သက်ပြီး ပြောကြားသွားဖို့ဖြစ်ပြီး ရခိုင်အရေးကိစ္စက တစ်ပိုင်းတစ်စ ပါဝင်မှာဖြစ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဇေယျ က ပြောပါတယ်။

"အောက်ခြေမှာ အရင်ညှိတဲ့သဘောပါ သူတို့အကုန်လုံးအဆင်ပြေတယ်ဆိုရင် ၁၉ ရက်နေ့မှာ စီစဉ်တဲ့အတိုင်ဖြစ်မှာပါ၊ အဓိကက ကိုယ့်နိုင်ငံမှာ ဖြစ်ပေါ်တိုးတက်နေတာတွေကိုပြောရင်းနဲ့ စောစောကကိစ္စကတော့ တစ်ပိုင်းတစ်စပါသွားမှာပါ"

အဲဒီတွေ့ဆုံပွဲကို ရန်ကုန်မြို့မှာ ကျင်းပဖို့ စီစဉ်ထားပြီး အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေ လာရောက်နိုင်ရေးအတွက် နိုင်ငံခြားရေးဝန်ကြီးဌာနက ညှိနှိုင်းဆောင်ရွက်နေတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက ဘာလီမှာ ကျင်းပခဲ့တဲ့ အာဆီယံအကြီးတန်းအရာရှိတွေရဲ့ အစည်းအဝေးမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် နဲ့ တွေ့ဆုံဖို့ မြန်မာနိုင်ငံဖက်က ကမ်းလှမ်းခဲ့တာဖြစ်ပါတယ်။

အာဆီယံနိုင်ငံတွေထဲက မလေးရှားနဲ့ အင်ဒိုနီးရှားနိုင်ငံတွေမှာ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်က မွတ်စလင်အရေးနဲ့ပတ်သက်ပြီး ဆန္ဒပြမှုတွေ ရှိခဲ့ပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese
အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံမည် အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံမည် Reviewed by THITHTOOLWIN on 18:03 Rating: 5
Powered by Blogger.