လမ်းဘေးရှိတဲအား ဝင်တိုက်မိ၍ တဲ၌အိပ်ပျော်နေသူများ သေဆုံး


လမ်းပေါ်ရှိဝက်အားရှောင်တိမ်းသောယာဉ် လမ်းဘေးရှိတဲအား ဝင်တိုက်မိ၍ တဲ၌အိပ်ပျော်နေသူများ သေဆုံး

နေပြည်တော်၊ ဒီဇင်ဘာ ၃၀


၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ ၂၉ ရက်နေ့ နံနက် ၆ နာရီအချိန် ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ်၊ ကျုံတိုင်းကြီးကျေးရွာ၊ အိမ်မဲ-ရန်ကုန်ကားလမ်း မိုင်တိုင်အမှတ်(၆/၀-၁) ကြားတွင် ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သိရပါသည်။

သတင်းအရ သုံးခွနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ရာ ရန်ကုန်ဘက်မှ မြောင်းမြဘက်သို့ ရန်ကုန်တိုင်း ဒေသကြီး၊ ရွှေပြည်သာမြို့နယ်နေ ဦးသန်းကျော်(၅၀)နှစ်မောင်းနှင်လာသော 4A/××××× Hilux ယာဉ်သည် လမ်းပေါ်ရှိဝက်အား ရှောင်တိမ်းရာ အဆိုပါကျေးရွာနေ ဦးအေးသိန်း(၄၆)နှစ်၏ အိမ်ရှေ့ရှိ ငါးပိ၊ ငါးခြောက်များထားသော အလျား(၁၅)ပေ၊ အနံ(၁၀)ပေခန့်ရှိ ဓနိမိုး၊ ထရံကာ ယာယီတဲအား ဝင်တိုက်မိခဲ့ရာ ယာယီ တဲထဲ၌ အိပ်ပျော်နေသည့် ဦးအေးသိန်းနှင့် ဇနီးဖြစ်သူ ဒေါ်စန်းစန်းဝင်း(၄၂)နှစ်တို့တွင် ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့သည်။

အဆိုပါ ယာဉ်တိုက်မှုမှ ယာဉ်မောင်း ဦးသန်းကျော်အား သုံးခွနယ်မြေ ရဲစခန်း ယာဉ်(ပ) ၁၁/၂၀၁၆ ၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၄-က/ ၂၇၉ ဖြင့် အရေးယူ ထားကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ၏ သတင်းထုတ်ပြန်ချက်အရ သိရပါသည်။

သစ်ထူးလွင်

လမ်းဘေးရှိတဲအား ဝင်တိုက်မိ၍ တဲ၌အိပ်ပျော်နေသူများ သေဆုံး  လမ်းဘေးရှိတဲအား ဝင်တိုက်မိ၍ တဲ၌အိပ်ပျော်နေသူများ သေဆုံး Reviewed by THITHTOOLWIN on 21:54 Rating: 5
Powered by Blogger.